ယူကရိန်းပဋိပက္ခကို ချက်ချင်းရပ်တန့်ရန် ရုရှားအစိုးရကို ပိုလန်သမ္မတ တိုက်တွန်း
Pika (NSS) - ဩဂုတ် ၁၂
ရုရှားသမ္မတပူတင်သည် ဥရောပကိုသိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း နှင့် ယူကရိန်းတွင် လုပ်ဆောင်နေသောစစ်ဆင်ရေးများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပိုလန်သမ္မတ Andrzej Duda က သတိပေးပြောဆိုခဲ့သည်။
၎င်းက"ဒါကအရမ်းရိုးရှင်းပါတယ်။ အမေရိကန်စစ်သားတွေ သေဆုံးတာမျိုးမရှိခင်မှာ ရုရှားဟာ စစ်ဆင် ရေးကို ရပ်တန့်လိုက်သင့်ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာတွေ မရပ်တန့်ဘူးဆိုရင် ပြန်လည်ပေးဆပ်ရမယ့် တန်ဖိုးက ကြီးမားပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်သည် ရုရှားအင်ပါယာကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြောင်း ပိုလန်သမ္မတကစွပ်စွဲပြောဆိုခဲ့သည်။ ၎င်းက"ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့်တွေပြန်လည်ရရှိဖို့အတွက် ဥရောပမှာ အမေရိကန်စစ်သားတွေ သေဆုံးတာမျိုးမရှိခင်မှာ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့လိုနေပါပြီ"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်ခြင်းသည် ရုရှားကို တားဆီးရန်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း ၎င်းကအကြံပြုပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လက လစ်သူယေးနီးယားနိုင်ငံတွင်ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသည် တရားဝင်ဖိတ်ကြားမှုမရရှိခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ပိုလန်သမ္မတ Andrzej Duda ကပြောဆိုခဲ့သည်။ လာမည့်နှစ်တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် တရားဝင်ဖိတ်ကြားမှုကို ယူကရိန်းလက်ခံရရှိစေရန်အတွက် အမေရိကန်အစိုးရကို ဖိအားပေးရန် စီစဉ်နေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
ဒေသတွင်း၌ စစ်အင်အားများကို ပိုမိုတိုးမြှင့်လာနေသည့် အမေရိကန်နှင့် ၎င်း၏ဥရောပရှိမဟာမိတ်နိုင်ငံများ၏ ခြိမ်းခြောက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားသည် နိုင်ငံအနောက်ဘက်နယ်စပ်တစ် လျှောက်တွင် ၎င်း၏တပ်ဖွဲ့များကို ပိုမိုဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြောဆိုခဲ့သည်။ ရုရှားနှင့်ဘီလာရုစ်နိုင်ငံ နယ်နမိတ်များအနီးတွင် နေတိုးတပ်ဖွဲ့များ၏ အင်အားတိုးမြှင့်လာမှုများအတွက် လက်တုံ့ပြန်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက အလေးပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းသံမဏိလိုအပ်ချက်ကိုဖြည့်ဆည်းရန် ပင်းပက်သံမဏိစက်ရုံကို စတင်စမ်းသပ်လည်ပတ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း