ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် ဆန်နှင့်ဆီများကို ပြည်သူ့ရင်ပြင်တွင် စတင်ရောင်းချ
သန့်ဇင် (NSS) - ဩဂုတ် ၁၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ဆန်နှင့်စားအုန်းဆီများကို ယနေ့ (ဩဂုတ်လ ၁၁ ရက်)နံနက်ပိုင်းတွင် စတင်ရောင်ချပေးလျက်ရှိသည်။
အဆိုပါ ရောင်းချမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဧည့်မထ ဆိုရင် တစ်ပြည်ကို(၂၅၀၀)။ ဧရာဝတီပေါ်ဆန်းဆိုရင်တော့(၄၀၀၀)နဲ့ရောင်းချပေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
တစ်ရက်အတွက် ရောင်းချပေးမည့် ဆန်အိတ် အရေအတွက်ကန့်သတ်ထားခြင်းမရှိသော်လည်း စားအုန်းဆီအား ပိသာ(၁၀၀၀) ခန့်အထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချရာ၌ စားအုန်းဆီတစ်ပိသာကို ဝယ်ယူသူအနေဖြင့် ထည့်စရာဘူးပါလျှင် (၄၄၀၀) ကျပ်၊ ထည့်စရာဘူးမပါလျှင် (၅၄၀၀)ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
အဆိုပါ ရောင်းချမှုတွင် လူတစ်ဦးလျှင် ဆန်(၅)ပြည်နှင့် စားအုန်းဆီ တစ်ပိဿာရောင်းချပေးခြင်းဖြစ်သည်။
စားအုန်းဆီဝယ်ယူရာ၌ မည်သူမဆိုလာရောက်ဝယ်ယူနိုင်သဖြင့် စားအုန်းဆီရောင်းချသည့်နေရာ၌ ဝယ်ယူသူများစွာရှိကြောင်း တွေ့ရှိခဲ့ရသည်။
အလားတူ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အခြေခံပြည်သူများအတွက် သက်သာသောဈေးနှုန်းများဖြင့် အရည်အသွေးပြည့်မီသည့် ဆန်များနှင့် စားအုန်းဆီများကို လာမည့်ရက်များတွင်လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သက်သာသောဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများကို ရောင်းချပေးခြင်းများရှိနေသော်လည်း ပြင်ပဆန်ဈေးကွက်နှင့် စားသုံးဆီဈေးကွက်၌ ဆန်နှင့် ဆီဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ အတက်ဘက်သို့သာ ဆက်လက်ဦးတည်လျက်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားတာဝန်ယူပြီးချိန်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဆက်ရှိနေမှာဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း