အင်ဒိုနီးရှားတာဝန်ယူပြီးချိန်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဆက်ရှိနေမှာဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
လာမယ့်နှစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှု သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက ဆက်ရှိမှာဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Tammy Duckworth က ပြောပါတယ်။
လာအိုနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူခွင့်ရမှာဖြစ်ရာ အရင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံများ ဆောင်ရွက်ခဲ့သလိုမျိုး လာအိုနိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ် ထပ်မံခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ASEAN Inter-Parliamentary Assembly (AIPA) လွှတ်တော်အစည်းအဝေးကို လေ့လာသူအဖြစ်တက်ရောက်ခဲ့ပြီး မြန်မာအရေး ကို အစည်းအဝေးတက်ရောက်လာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့လွှတ်တော်ကိုယ်စားလှယ်တွေအပြင် လေ့လာသူအဖြစ်တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
၄၄ ကြိမ်မြောက်ကျင်းပတဲ့ AIPA လွှတ်တော်အစည်းအဝေးကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကို လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများ ကူညီပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အထက်လွှတ်တော် ကိုယ်စားလှယ်က "လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်။ အင်ဒိုနီးရှားလွှတ်တော်ဥက္ကဋ္ဌနဲ့လည်း ဆွေးနွေးခဲ့တယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက ဆက်ရှိနေမယ်ဆိုတဲ့အချက်ကို သိခဲ့ရတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြို့ပင်ကောက်မြို့၌ ကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ