ပဲခူးတွင် မြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်း(၁၃)ခု ဖွင့်လှစ်ထားရ
ရဲပြည့် (NSS) - ဩဂုတ် ၁၁
ပဲခူးမြို့တွင် မြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်း(၁၃)ခု ဖွင့်လှစ်ထားရကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
ပဲခူးမြစ်ရေသည် ဩဂုတ်လ ၉ ရက်၊ နံနက် ၆ နာရီအချိန် တိုင်းတာချက်များအရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁ဝ ရက်တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ် ကွက်များနှင့် ကျေးရွာများသို့ ရေများဝင်ရောက်နေပြီး ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းမပေါ်သို့ ရေကျော်ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့ ရေကျော်နေသည့် ရပ်ကွက်များတွင် ဖြတ်သန်းသွားလာကြသည့် ယာဉ်များနှင့် လူများဘေးအန္တရာယ်မဖြစ်စေရေးအတွက်လည်း တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေရကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရေးဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ ဘုန်ကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ယာယီရေဘေးသင့်စခန်း(၁၃)ခုကို ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက သောက်သုံးရေ ၊ အစားအစာနှင့် ဆေးဝါးများကို ကူညီထောက်ပံ့ပေးနေပြီး ဆက်လက်ကူညီဆောင်ရွက်မှုများ လိုအပ်နေသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးနည်းလမ်းအသုံးပြုပြီး အင်အားသုံးဖြေရှင်းလာမယ်ဆိုရင် ရာထူးကဖြုတ်ချထားတဲ့သမ္မတကို သတ်ပစ်မယ်လို့ နိုင်ဂျာစစ်အစိုးရ သတိပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း