စစ်ရေးနည်းလမ်းအသုံးပြုပြီး အင်အားသုံးဖြေရှင်းလာမယ်ဆိုရင် ရာထူးကဖြုတ်ချထားတဲ့သမ္မတကို သတ်ပစ်မယ်လို့ နိုင်ဂျာစစ်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းအသုံးပြုလာမယ်ဆိုရင် ရာထူးက ဖြုတ်ချထားတဲ့ သမ္မတမိုဟာမက်ဘာဇွန်ကို သတ်ပစ်မယ်လို့ နိုင်ဂျာအာဏာသိမ်းစစ်အစိုးရ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်က သမ္မတဘာဇွန်ကိုရာထူးက ဖြုတ်ချကာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနောက်အာဖရိကနိုင်ငံများ ECOWAS အဖွဲ့က သမ္မတကို ရာထူးကပြန်ခန့်အပ်ဖို့ နဲ့ ရာထူးပြန်မအပ်ဘူးဆိုရင် စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ မကြာသေးမီက ခြိမ်းခြောက်ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အစိုးရဟာ အမေရိကန်သံတမန်တွေနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း စစ်ရေးနည်းလမ်းသုံးလာမယ်ဆိုရင် သမ္မတဘာဇွန်ကို သတ်ပစ်မယ့်အကြောင်းကို အသိပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ECOWAS အဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ဂျာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအချို့ဟာ နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖြစ်အောင် စစ်ရေးနည်းလမ်း အသုံးပြုဖို့ အဆင့်သင့်အနေထားရှိနေကြောင်း သိရပါတယ်။
နိုင်ဂျာနိုင်ငံဟာ အယ်ကိုင်ဒါအပြင် အစ္စလာမ်အစွန်းရောက်အဖွဲ့များရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ရင်ဆိုင်နေ ရပြီး လူပေါင်းထောင်ချီသေဆုံးခဲ့ရသလို လူသန်းချီ နေရပ်စွန့်ခွာထွက်ပြေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ် ကြောင်း သိရပါတယ်။ နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်က နိုင်ငံလုံခြုံရေးကောင်းမွန်မှုမရှိတဲ့အတွက် အရပ်သား သမ္မတကို ရာထူးက ဖြုတ်ချကာ အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောပါတယ်။
နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းအသုံးပြုရေးနဲ့ပတ်သက်ပြီး အာဖရိကနိုင်ငံတွေကြားသဘောထား ကွဲလွဲမှုများ ရှိနေပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ နိုင်ဂျာမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်၊ ပြင်သစ် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ အကူအညီပေးမှုများကို ရပ်ဆိုင်းခဲ့သလို အာဖရိက အနောက်ပိုင်းစီးပွားရေးအဖွဲ့အစည်းကလည်း ပိတ်ပင်မှုများ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ဂျာစစ်အစိုးရဟာ လက်ရှိအချိန်မှာ နိုင်ငံ လေကြောင်းပိုင်နက်ကို ပိတ်သိမ်းထားပြီး ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံ နဲ့ စစ်ရေး သဘောတူညီမှုအားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖုန်းနှင့်ဆိုင်ကယ်ကို ဓားပြဝင်တိုက်ရာမှ မီးဖွားရန်ရက်ပိုင်းသာလိုသည့် ကိုယ်ဝန်သည်ကို သေနတ်ဖြင့်ပစ်သတ်မှု မုံရွာတွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ