ဖုန်းနှင့်ဆိုင်ကယ်ကို ဓားပြဝင်တိုက်ရာမှ မီးဖွားရန်ရက်ပိုင်းသာလိုသည့် ကိုယ်ဝန်သည်ကို သေနတ်ဖြင့်ပစ်သတ်မှု မုံရွာတွင်ဖြစ်ပွား
NSS - သြဂုတ် ၁၁
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်တွင် နေအိမ်အတွင်းရှိ ဖုန်းနှင့်ဆိုင်ကယ်ကို ဓားပြဝင်တိုက်ရာမှ ကလေးမီးဖွားရန်(၃)ရက်သာလိုတော့သည့် ကိုယ်ဝန်သည်ကို သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ သြဂုတ်လ(၁၀)ရက်၊ ညနေ(၃)နာရီအချိန်ခန့်တွင် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်တွင် ဖြစ် ပွားခဲ့ကြောင်း မုံရွာမြို့ရှိ ဒေသခံတစ်ဦးထံမှ သိရသည်။
အင်းဖြတ်လမ်းရှိ နေအိမ်တစ်အိမ်အား အမျိုးသား(၅)ဦးမှ ဝင်ရောက်၍ ဖုန်းနှင့်ဆိုင်ကယ်ကို ဓားပြတိုက်လုယက်ခဲ့ပြီးနောက် အဆိုပါ ကိုယ်ဝန်သည်အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်နဲ့ပဲပစ်သွားတာ။ ယောကျာ်းလေး (၅)ယောက်အုပ်စုလာတာပါ။ အများကြီးတော့ပါမသွားဘူး ဖုန်းရယ်၊ ရွှေလေးနည်းနည်းရယ်၊ ကလစ်ဆိုင်ကယ်၊ ငွေသားနည်းနည်းရယ် ပါသွားတယ်။ ကောင်မလေးရဲ့အမေက သစ်တောမှာတာဝန်ထမ်းဆောင်နေတာ”ဟု မုံရွာမြို့ရှိ ဒေသခံတစ်ဦးက NSS ကို ပြော သည်။
အဆိုပါ အမျိုးသမီးသည် အသက်(၂၄)နှစ်အရွယ်ရှိ မအေးငြိမ်းဆိုသူဖြစ်ပြီး လာမည့် သြဂုတ်(၁၃)ရက်တွင် သားယောင်္ကျားလေး မွေးဖွားမည့်သူတစ်ဦးလည်းဖြစ်သည်။
လက်ရှိတွင် ဓားပြတိုက်ခဲ့သည့်အုပ်စုအား GUARDIAN FORCE အဖွဲ့မှ ဖမ်းဆီးရမိထားကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်ဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့(သြဂုတ်လ ၁၁ ရက်)တွင် live လွှင့်ခဲ့သည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် ဆန်နှင့်ဆီများကို ပြည်သူ့ရင်ပြင်တွင် စတင်ရောင်းချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း