ကျိုက်ထီးရိုးတောင်ခြေရှိ လျှိုထဲတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး (၂)နာရီနီးပါး ငြှိမ်းသတ်ခဲ့ရ
NP News - ဇန်နဝါရီ ၂၃
ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ လျှိုထဲတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၂၃ ရက်) နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် မွန်ပြည် နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထီးရိုးတောင်ခြေရှိ လျှိုထဲတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အမှန်က အဲ့ချောက်ထဲမှာက တောင်ယာတွေလုပ်တာရှိတယ်လေ။ တောင်ယာတွေက နွေဘက်ရောက်လာတော့ မီးရှို့တာတွေရှိတယ်။ ညဘက်ထဲက မီးလေးစစွဲနေတာတော့တွေ့တယ် အဲဒီကနေမှတစ်ဆင့် မနက်ရောက်တော့ လေကလည်းတိုက်တော့ အပေါ်အထိကို တောမီးလိုမျိုးတက်လာပြီး လောင်တာပါ” ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက NP News ကိုပြောသည်။
အဆိုပါ မီးလောင်မှုအား ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့များ၊ ပရဟိတအဖွဲ့များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လည်(၂)နာရီအချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူမရှိခဲ့ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှမှ ဆိုသည်။
zawgyi version
က်ိဳက္ထီး႐ိုးေတာင္ေျခရွိ လွ်ိဳထဲတြင္ ေတာမီးေလာင္မႈျဖစ္ပြားခဲ့ၿပီး (၂)နာရီနီးပါး ျငႇိမ္းသတ္ခဲ့ရ
NP News - ဇန္နဝါရီ ၂၃
က်ိဳက္ထီး႐ိုးဘုရားေတာင္ေျခရွိ လွ်ိဳထဲတြင္ ေတာမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၂၃ ရက္) ေန႔လည္(၁၂)နာရီ အခ်ိန္ခန႔္တြင္ မြန္ျပည္ နယ္၊ က်ိဳက္ထိုခ႐ိုင္၊ က်ိဳက္ထီး႐ိုးေတာင္ေျခရွိ လွ်ိဳထဲတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အမွန္က အဲ့ေခ်ာက္ထဲမွာက ေတာင္ယာေတြလုပ္တာရွိတယ္ေလ။ ေတာင္ယာေတြက ေႏြဘက္ေရာက္လာေတာ့ မီးရႈိ႕တာေတြရွိတယ္။ ညဘက္ထဲက မီးေလးစစြဲေနတာေတာ့ေတြ႕တယ္ အဲဒီကေနမွတစ္ဆင့္ မနက္ေရာက္ေတာ့ ေလကလည္းတိုက္ေတာ့ အေပၚအထိကို ေတာမီးလိုမ်ိဳးတက္လာၿပီး ေလာင္တာပါ” ဟု က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလွက NP News ကိုေျပာသည္။
အဆိုပါ မီးေလာင္မႈအား က်ိဳက္ထီး႐ိုးနယ္ေျမမီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဂါပကအဖြဲ႕မ်ား၊ ပရဟိတအဖြဲ႕မ်ားက ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရာ ေန႔လည္(၂)နာရီအခ်ိန္ခန႔္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သူမရွိခဲ့ေၾကာင္း ဥကၠ႒ ဦးစိုးလွမွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ်သို့ မြန်မာနိုင်ငံဘက်ခြမ်းမှ ကုန်စည်တင်ပို့မှုများ ပိုမိုမြင့်တက်လာခဲ့
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း