မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ကိုရီးယားရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေးစင်တာများ၌ မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် စီစဉ်နေ
ယွန်း (NSS) - သြဂုတ် ၁၀
ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေးစင်တာများ၌ မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေး မြန်မာသံအမတ် ဦးသန့်စင်က အသိပေးပြောကြားထားသည်။
ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင်က သြဂုတ်လ(၉)ရက်မှစတင်ကာ ဘူဆန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ်၊ EPS ညီလာခံ (2023 EPS Conference) တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် လုပ်သားများ လုပ်ငန်းခွင်ထိခိုက်မှုများ လျော့ပါးစေရန် အလုပ်ရှင်နှင့် အလုပ် သမားများအတွက် အသိပေးခြင်း အပါအဝင် ကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုအလေးထား ဆောင်ရွက်ရန် မြန်မာသံအမတ်က အသိပေးပြောကြားသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ ပိုမိုရောက်ရှိလာမှုကြောင့် မြန်မာလုပ်သားများအား ထိရောက်စွာကူညီစောင့်ရှောက်ရန်လိုပြီး ကိုရီးယားနိုင်ငံအနှံ့အပြားရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေး စင်တာများတွင် မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေးကို ဦးသန့်စင်က ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းရှင်အချို့၏ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအားမခံထားရှိမှု မရှိခဲ့ခြင်းကြောင့် မြန်မာလုပ်သားများအနေဖြင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်ရှင်များအား ပို၍ကြပ်မတ်ပေးစေလိုကြောင်း မြန်မာသံအမတ်က အသိပေး ပြောကြားခဲ့သည်။
အလားတူ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နှစ်မပြည့်မီ အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားခဲ့ရသည့် ပြည်တော်ပြန်လုပ်သားများအတွက် Human Resources Development of Korea (HRDK) မှ အလုပ်ရှင်အသစ် မိတ်ဆက်ပေးရန်လည်း ကြန့်ကြာမှုများရှိနေကြောင်း ၎င်းက ထည့်သွင်းပြေကြးာထားသည်။
EPS စနစ်အား လုပ်သားစေလွှတ်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ခဲ့မှု နှစ်ပေါင်း (၂၀) ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီးပွားရေးနှင့် လူမှုရေးအခြေအနေ ပြောင်းလဲလာမှုကြောင့် EPS စနစ်အား ခေတ်ကာလနှင့် အခြေအနေများနှင့်အညီ ပြန်လည်ဖွဲ့စည်းအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကိုရီးယားနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Lee Jung-Sik က ဆက်လက်ပြောကြားထားသည်။
အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများစေလွှတ်သည့် (၁၆)နိုင်ငံမှ သံအမတ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ အာဆီယံဒေသ သုံးနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချစ်ကြည်ရေးခရီး သွားရောက်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း