ဖိလစ်ပိုင်နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ အာဆီယံဒေသ သုံးနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချစ်ကြည်ရေးခရီး သွားရောက်
ဂျန်ဇက် (NSS) - သြဂုတ် ၁ဝ
တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တစ်ကျော့ပြန်ခန့်အပ်ခံရတဲ့ ဝမ်ယိဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုမြင့်တက်နေချိန်မှာပဲ အာဆီယံဒေသအတွင်း သုံးနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ့်ခရီးစဉ် စတင်လိုက်ကြောင်း သိရပါတယ်။
ဝမ်ယိဟာ အာဆီယံဒေသအတွင်းသွား ရောက်မယ့်ခရီးစဉ်ကို သြဂုတ် ၁ဝ ရက်နေ့မှာ စတင်လိုက်ပြီး စင်ကာပူ၊ မလေးရှား နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရဟာ အာဆီယံဒေသအတွင်းနိုင်ငံတွေနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်မှုပိုင်း ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထားကြောင်း စင်ကာပူနိုင်ငံဆိုင်ရာတရုတ်သံရုံးက ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ၎င်းရဲ့ ခရီးစဉ်အတွင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ကရစ်ချ်နန်တို့ အပါအဝင် စင်ကာပူအစိုးရအဖွဲ့တာဝန်ရှိသူများ နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်သင်္ဘောတွေကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သလို မီးသတ်ပိုက်နဲ့ ထိုးတာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အာဆီယံဒေသကို ချစ်ကြည်ရေးခရီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ အာရှပစိဖိတ်ဒေသအတွင်း တင်းမာမှုတွေမြင့်တက်လာချိန်မှာ တရုတ် နဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင်ထိန်းနိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူနိုင်ငံ ကို သွားရောက်ပြီးချိန်မှာ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို ထပ်မံသွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေတိုးချေးသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများစွာဖြင့် နေအိမ်အတွင်းအသတ်ခံရမှု စစ်ကိုင်းတွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ