ငွေတိုးချေးသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများစွာဖြင့် နေအိမ်အတွင်းအသတ်ခံရမှု စစ်ကိုင်းတွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ငွေတိုးချေးသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများစွာဖြင့် အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အသတ်ခံရမှုသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်)၊ မွန်းလွဲ ၁နာရီခန့်အချိန်တွင် စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အသတ်ခံရတဲ့အမျိုးသမီးက ငွေတိုးချေးတာတဲ့။ ဘယ်လိုဘယ်ကြောင့်အသတ်ခံရလဲဆိုတာတော့ မသိခဲ့ရဘူးဗျ” ဟု အိုးဘိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အသတ်ခံရသည့် အဆိုပါအမျိုးသမီးသည် မိုးဇာရပ်ကွက်တွင်နေထိုင်သည့် အသက်(၆၀)နှစ်ဝန်းကျင် အရွယ်ခန့် ဒေါ်မာမာမြင့်ဖြစ်ပြီး ထိုးသွင်းဓားဒဏ်ရာ(၁၀)ချက်ဖြင့် အသတ်ခံခဲ့ရကြောင်း သိရသည်။
“လည်ပင်း ဟိုဘက်ဒီဘက်(၇)ချက်။ လက်မောင်း(၂)ချက်။ ဗိုက်(၁)ချက်။ ဓားဒဏ်ရာ(၁၀)ချက်။ အဲဒီအမျိုးသမီးက ခါတိုင်း မုန့်ပစ်သလက်ဝယ်စားနေကျဆိုတော့ ရောင်းတဲ့ကောင်မလေးက အိမ်ထဲဝင်ရောင်းရင်းနဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့သူ့ကိုတွေ့တော့ အော်လိုက်မှသိတာ” ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါလူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ဒေါ်မာမာမြင့်အား စစ်ကိုင်းပြည်သူ့ဆေးရုံရင်ခွဲရုံသို့ အိုးဘိုလူမှုကူညီရေးအသင်းမှကားဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ခမ်းမြို့၌ နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း