နမ့်ခမ်းမြို့၌ နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး
စော (NSS) - ဩဂုတ် ၁၀
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ အသက် (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း နစကထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၉ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် နမ့်ခမ်းမြို့၊ မန်ကန်ကျေးရွာ၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း ပြီးခဲ့သည့် (ဩဂုတ်လ ၇ ရက်)မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အဆို ပါ ကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ကြောင်း သိရသည်။
“အဲဒီနေရာက မငြိမ်းချမ်းတော့ သွားချင်တိုင်းသွားလို့မရခဲ့ဘူး။ အဲဒီမှာရှိတဲ့လူတွေပဲ သူတို့အစီအစဉ်နဲ့သူတို့ လုပ်လိုက်ကြတာပါ။ ကျွန်တော်တို့ကိုတော့ မခေါ်ဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်အတွင်းရှိ အသက် (၂)နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အဘွားဖြစ်သူမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ထိုင်းကုန်သွယ်မှုလမ်းကြောင်း အာရှလမ်း၌ မြေပြိုပျက်စီးခဲ့သော လမ်းပိုင်းကို ဘေလီတံတားထိုးကာ အမြန်ဆုံးလမ်းကြောင်းပွင့်ရေး လုပ်ဆောင်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း