ထိုင်းရောက် မြန်မာများ တရားဝင်ငွေလွှဲနိုင်မည့် “Dee Money” ငွေလွှဲဝန်ဆောင်မှုစတင်
ယွန်း (NSS) - သြဂုတ် ၁၀
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ တရားဝင်ငွေလွှဲနိုင်မည့် “ဒီးမန်းနီး”(Dee Money) ငွေလွှဲဝန် ဆောင်မှုကို တည်ထောင်လိုက်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သြဂုတ်လ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲ ပြောင်းရာတွင် လိမ်ညာခံရခြင်း၊ ငွေလွှဲခဈေးနှုန်းကြီးမြင့်ခြင်း၊ အာမခံချက်မရှိခြင်းတို့ကို နေ့စဉ်ကြုံတွေ့နေရကြောင်း သံရုံးမှ အသိပေးထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် တရားဝင်ငွေလွှဲနိုင်မည့် “ဒီးမန်းနီး” (Dee Money) ဟူသော တရားဝင်ငွေလွှဲဝန်ဆောင်မှုကို မြန်မာ-ထိုင်း ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှစ်ခု ပူးပေါင်းတည်ထောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Dee Money Apps သွင်းထားသူတစ်ဦးသည် တစ်နေ့လျှင် မြန်မာငွေ ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) နှင့် ညီမျှသော ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင်ပြီး လွှဲခမှာ တစ်ကြိမ်လျှင် (၄၉) ဘတ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့၏ နေ့စဉ်ငွေလဲလှယ်နှုန်းထားတို့ကိုလည်း ဖုန်း၌ သွင်းထားသော Dee Money Apps ၌ နေ့စဉ်ပြောင်းလဲဖော်ပြနေခြင်းကြောင့် ပြင်ပငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများထက် ပိုမိုရရှိကြောင်း သိရသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများတွင်လည်း သွားရောက်လုပ်ကိုင်ပေးမည်ဟုသိရပြီး မြန်မာသံရုံး၌ ရုံးဖွင့်ရက်များတွင် ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦးအား ဒလန်ဟုစွပ်စွဲ၍ PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ထီးချိုင့်မြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း