အမျိုးသားတစ်ဦးအား ဒလန်ဟုစွပ်စွဲ၍ PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ထီးချိုင့်မြို့နယ်တွင်ဖြစ်ပွား
NSS - ဩဂုတ် ၁၀
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အမျိုးသားတစ်ဦးအား ဒလန်ဟုစွပ်စွဲ၍ PDF အဖွဲ့မှ သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၇ ရက်၊ မွန်းလွဲ ၃နာရီအချိန်တွင် ထီးချိုင့်မြို့နယ်၊ ကန်သာယာကျေးရွာအနီး မန္တလေး-ဗန်းမော်ကားလမ်းဝဲဘက်ခြမ်းတွင် အထက်ပါကဲ့သို့ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
အုတ်ဆုံကျေးရွာတွင်နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အင်အား (၃)ဦးမှရောက်ရှိလာပြီး “ဒလန်”ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွား၍ အထက်ပါ ကားလမ်းဘေးအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကိုသီဟဇော်(၂၇)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၇ရက်၊ ညနေ ၄နာရီ ၂၀မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ ဗိုလ်ရုံစုကျေးရွာနေရာအိမ်မှူးတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက် လက်ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အထက်ပါကျေးရွာနေ ရာအိမ်မှူး ဦးအောင်မင်းခန့်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့အင်အား ၂ ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဗိုလ်ရုံစုကျေးရွာရာအိမ်မှူးဖြစ်သူ ဦးအောင်မင်းခန့်(ခ)ဂျော့(၄၈)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်များအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲမြို့၌ ၁၂ဘီးကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း