ကျောက်မဲမြို့၌ ၁၂ဘီးကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံး
စော(NSS) - ဩဂုတ် ၁၀
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ (၁၂)ဘီးကားနှင့် ဆိုင်ကယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၉ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ကျောက်မဲမြို့၊ ခိုက်တုန်းဟုန်းကျေးရွာ၊ သံလမ်းကူးကွေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဆိုင်ကယ်သမားက လမ်းချော်ပြီးတော့ ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်တာပါ။ နောက်ပြီး ကွေ့လည်းဖြစ်နေတာပါတယ်။ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီးဆုံးသွားပါတယ်”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် မောင်မျိုးလှိုင်ဝင်း(၂၇)နှစ်ဖြစ်ပြီး မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဘီးဇာတ်ကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF များ၏ ဖမ်းဆီးခြင်းခံထားရသည့် စစ်ကိုင်းတိုင်းမှ မီးသတ်ဝန်ထမ်းအပါအဝင် ဒေသခံ(၃၀)ဦးကို (၄)ရက်အကြာ၌ ပြန်လည်ကယ်တင်နိုင်ခဲ့ဟု နစကထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း