PDF များ၏ ဖမ်းဆီးခြင်းခံထားရသည့် စစ်ကိုင်းတိုင်းမှ မီးသတ်ဝန်ထမ်းအပါအဝင် ဒေသခံ(၃၀)ဦးကို (၄)ရက်အကြာ၌ ပြန်လည်ကယ်တင်နိုင်ခဲ့ဟု နစကထုတ်ပြန်
NSS - သြဂုတ် ၁၀
PDF များ၏ အတင်းအဓမ္မဖမ်းဆီးခြင်းခံခဲ့ရသည့် စစ်ကိုင်းအတွင်းရှိ မီးသတ်ဝန်ထမ်း အပါအဝင် ဒေသခံ (၃၀)ဦးကို (၄)ရက်အကြာတွင် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (သြဂုတ်လ ၉ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာတွင် သြဂုတ်လ(၅)ရက်၊ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်ကွင်းများ၌ စပါးစိုက်နေသည့် ဒေသခံပြည်သူ(၂၁)ဦးနှင့် နွား၊ သိုး၊ ဆိတ် အပါအဝင် လှည်းများကို PDF များက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း နစကထံမှ သိရသည်။
ထို့နောက် အဆိုပါကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခြင်းများရှိခဲ့ပြီး ၎င်းတို့အားပြန်လည်ကယ်တင်ပေးရန် ဒေသခံပြည်သူများက နယ်မြေခံတပ်သို့ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ(၉)ရက်၊ နံနက်(၁)နာရီအချိန်ခန့်တွင် PDF များ ယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့နောက် နံနက်(၅)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးထားသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ဒေသခံပြည်သူ(၂၉)ဦးနှင့် မီးသတ်ဝန်ထမ်းတစ်ဦး စုစုပေါင်း(၃၀)ဦးတို့အား ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် PDF များထံမှ လက်လုပ်စိန်ပြောင်း သုံးလက်၊ လက်လုပ်ဗုံးသီး (၄၂)လုံး၊ လက်လုပ်ရှော့တိုက်ဒုံး (၁၂)လုံး၊ လက်လုပ်သေနတ် လေးလက်၊ မိုင်းမျိုးစုံ (၁၆)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန်များထုတ်ရောင်းနေသော်လည်း ဆန်ဈေး မကျဆင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း