ဇူကာဘတ်နှင့်ယှဉ်ပြိုင်မည့်ပွဲကို Twitter တွင် တိုက်ရိုက်ပြသမည်ဟု အီလွန်မတ်ပြော
Pika (NSS) - သြဂုတ် ၇
Twitter ကုမ္ပဏီပိုင်ရှင်ဖြစ်သော အီလွန်မတ်က ၎င်း နှင့် ဖေ့စ်ဘုတ်တည်ထောင်သူဇူကာဘတ်တို့ကြား ယှဉ်ပြိုင် ထိုးသတ်ဖြစ်မည်ဆိုပါက အဆိုပါတိုက်ပွဲကို Twitter ပလက်ဖောင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
အီလွန်မတ်က "ကျွန်တော်နဲ့ ဇူကာဘတ် ယှဉ်ပြိုင်တိုက်ခိုက်ဖြစ်ခဲ့မယ်ဆိုရင် အဲဒါကို Twitter ပလက်ဖောင်းမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။ ပြီးတော့ ရရှိခဲ့တဲ့ငွေတွေအားလုံးကို စစ်ပြန်တွေအတွက် လှူဒါန်းသွားမှာပါ" ဟု ပြောခဲ့သည်။
ဇူကာဘတ်သည် အီလွန်မတ်၏ Twitter ပလက်ဖောင်းကို ယှဉ်ပြိုင်ရန်အတွက် Threads အမည်ရှိ အပ်ပ်ကို ထုတ်လုပ်ခဲ့ပြီးနောက် အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အချင်းချင်းထိုးသတ်ကြရန် စိန်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဇူကာဘတ်သည် ကိုယ်ခံပညာများကို လေ့ကျင့်နေပြီး ၎င်း၏ ပထမဆုံး jiu-jitsu ပြိုင်ပွဲကို ယခုနှစ် အစောပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အီလွန်မတ်သည် အလေးမခြင်းများကို လုပ်ဆောင်နေပြီး ဇူကာဘတ်နှင့်တိုက်ပွဲအတွက် လေ့ကျင့်နေကြောင်း ရေးသားဖော်ပြခဲ့သည်။
အီလွန်မတ် က "လေ့ကျင့်မှုတွေလုပ်ဖို့ အချိန်မရှိတဲ့အတွက် အလုပ်မှာပဲ အလေးမတာမျိုးတွေကို လေ့ကျင့်ဖြစ်ပါ တယ်" ဟု ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ဇူကာဘတ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်မှာ အမှန်တကယ် ဖြစ်လာ/မလာ ဆိုသည့်အချက်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း အီလွန်မတ်က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သောင်းရင်းမြစ်ရေသည် နောက်(၂)ရက်အထိ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း