ငွေလဲနှုန်းအပြောင်းအလဲကြောင့် နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးမြင့်တတ်နေ
NSS - ဇူလိုင် ၂၉
ဒေါ်လာစျေးမြင့်တက်လာမှုကြောင့် ဒေါ်လာဖြင့်ပေးဝယ်နေရသော နိုင်ငံခြားဆေးများ ဈေးမြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ယခုလပိုင်းအတွင်း ရွှေ ၊ ဒေါ်လာနှင့် အခြေခံစားသောက်ကုန်စည်များ ဈေးမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာဈေးနှုန်း သုံးထောင်ကျော်ဝန်းကျင် အထိရောက်ရှိနေကာ ပြည်တွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
"ဆေးတွေက အရင်တုန်းကဝယ်ရင် တစျေး၊ အခုသွားဝယ်ရင် စျေးတက်တဲ့အခါမှာလဲ တစ်ရာ၊ နှစ်ရာတက်တာ မဟုတ်ဘူး ။ ထောင်ဂဏန်းတွေ တက်တယ် ။ ဆေးတွေမှ မဟုတ်ပါဘူး ။ အကုန်လုံးတက်တာ။ အခုကလေးဖျားနာဆေးပဲဝယ်ဝယ် ၊ တစ်ရာနှစ်ရာ မတက်ဘူး။ တစ်ထောင် ၊ နှစ်ထောင်လောက် တက်တယ်။ ပြီးတော့ လူကြီးအကိုက်အခဲပျောက်ဆေး ၊ ခါးလိမ်းဆေးဝယ်လဲ အကုန်လုံးတက်တာကို များတယ်။ အကျဘက်ကို မရှိဘူး"ဟု တောင်ဒဂုံမြို့သစ်နေ ပြည်သူတစ်ဦးက ပြောသည်။
ဆေးပစ္စည်းဈေးများမြင့်တက်လာခြင်းကြောင့် ဆေးစွဲသောက်နေရသည့် နာတာရှည်ကျန်းမာရေးမကောင်းသူများအတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးနေသည့် ဆေးဝါးကုမ္ပဏီများသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ရောင်းချလာကြောင်း ရန်ကုန်မြို့ရှိ ရွှေပြည်စုံဈေးရှိ ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များထံမှ သိရသည်။
ဆေးဝါးတင်သွင်း ဖြန့်ဖြူးသောကုမ္ပဏီများက ဆေးစျေးနှုန်းမြှင့်တင်ခြင်း၊ အရောင်းကန့်သတ်ခြင်းများလုပ်ဆောင်လာသည့်အတွက် လက်လီအရောင်းဆိုင်အများစုသည် တက်စျေးဖြင့် ရောင်းချနေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒတ်ခ်ျကမ်းရိုးတန်းမှာ မော်တော်ကားအစီးရေ (၃၇ဝဝ)ကျော်တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ