ဒတ်ခ်ျကမ်းရိုးတန်းမှာ မော်တော်ကားအစီးရေ (၃၇ဝဝ)ကျော်တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေ
ရောင်နီ (NSS) - ဇူလိုင် ၂၉
ဒတ်ခ်ျကမ်းရိုးတန်းအနီးမှာ မော်တော်ကားတွေ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်း ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၆ ရက်) အစောပိုင်းက မီးလောင်ခဲ့ပြီး ကြာသပတေးနေ့ (ဇူလိုင်လ ၂၇ ရက်) မှာမီးလောင်မှု အရှိန်လျော့သွားပေမယ့် သင်္ဘောသားတွေနဲ့ မီးသတ်သမားတွေဟာ သင်္ဘောပေါ် မတက်နိုင်သေးပဲ အခြေအနေ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
အင်္ဂါနေ့ (ဇူလိုင်လ ၂၅ ရက်) က ဂျာမန်ဆိပ်ကမ်း Bremerhaven မှ စင်္ကာပူနိုင်ငံကို ထွက်ခွာရွက်လွှင့်နေတဲ့ Fremantle Highway ကုန်တင်သင်္ဘောဟာ ဒတ်ခ်ျကျွန်း အမဲလ်လန်း မြောက်ဘက် ၂၇ ကီလိုမီတာ (၁၇ မိုင်) အကွာမှာ မီးလောင်ကျွမ်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၂၆ ရက်) အစောပိုင်း မီးစလောင်တဲ့အချိန်မှာ မီးလောင်မှုကြောင့် သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ သင်္ဘောပေါ်ပါတဲ့ သင်္ဘောသား အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။ ကြာသပတေးနေ့လ(ဇူလိုင်လ ၂၇ ရက်)မှာတော့ မီးလောင်မှု အရှိန်လျော့သွားပေမယ့် အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မီးလောင်သင်္ဘောဟာ ရွှေ့ပြောင်းငှက်တွေ နေထိုင်ကျက်စားတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Wadden ပင်လယ်ရဲ့ ကျွန်းကွင်းဆက်တစ်ခုနဲ့ နီးကပ်နေခြင်းကြောင့် ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ နယ်သာလန် ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောကို အခြားရေယာဉ်တွေနဲ့ တွန်းပြီး အရှေ့ဘက်သို့ ပြန်ရွေ့စေခဲ့ပါတယ်။
အဆိုပါ သင်္ဘောဟာ လျှပ်စစ်ကား (၄၉၈)စီးအပါအဝင် ကား (၃၇၈၃)စီး တင်ဆောင်ထားကြောင်း ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ U.S. National Transportation Safety Board က လျှပ်စစ်ကားဘက်ထရီ မီးလောင်မှုဖြစ်နိုင်တဲ့ အန္တရာယ်တွေအကြောင်း သတိပေးထားပြီးာအအပူလွန်ကဲခြင်း၊ ထိန်းမနိုင်သိမ်းမရ ဘက်ထရီ အပူချိန်နဲ့ ဖိအားတွေကြောင့် မီးလောင်မှုဖြစ်တယ်လို့ ယူဆရကြောင်း ဆိုပါတယ်။ ဒါဟာ မြောက်ပင်လယ်မှာဖြစ်ပွားတဲ့ ပထမဆုံး မီးလောင်မှုတော့ မဟုတ်ပါဘူး။ ဇူလိုင်လ အစောပိုင်းကလည်း New Jersey၊ Newark ရှိ ကားသယ်ယူပို့ဆောင်ရေး သင်္ဘောဟာ အလားတူမီးလောင်မှု ဖြစ်ခဲ့ပြီး မီးသတ်သမားတွေ တစ်ပတ်နီးပါးကြာငြှိမ်းသတ်ခဲ့ရကာ မီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်တိန်နာများ၏ ကုန်စည်ပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း