အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိနေသော ဒုဦးစီးမှူးနှင့် နည်းပြရာထူးများအတွက် လျှောက်လွှာများခေါ်ယူနေ
စော (NSS) - ဇူလိုင် ၂၈
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုဦးစီးမှူး နှင့် နည်းပြရာထူးများ အတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၂၇ ရက်) နိုင်ငံပိုင်သတင်းစာများတွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်ဦးစီးဌာနရုံးများ၊ ခရိုင်ဦးစီးဌာနရုံးများနှင့် လက်ကန်းကျောင်းတို့တွင် တာဝန်ထမ်းဆောင်ရန် ဒုတိယဦးစီးမှူးရာထူး (၉)နေရာ၊ နည်းပြရာထူး (၃)နေရာ ၊ အငယ်တန်းစာရေးရာထူး (၁၈) နေရာ၊ သုသေသနလက်ထောက် (၄)ရာထူး (၇)နေရာ၊ စက်မှုကျွမ်းကျင် (၄)ရာထူး (၁၄)နေရာ၊ စာရင်းကိုင် (၄)ရာထူး (၉)နေရာနှင့် လက်ထောက်နည်းပြရာထူး (၄)နေရာတို့ ခေါ်ယူနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလကုန်တွင် အသက် (၃၀)နှစ်ထက်မကြီးရန်လိုအပ်ပြီး ဒေသခံများကို ဦးစားပေးမည်ဖြစ်ကာ ဝေးလံဒေသများနှင့် ဌာနများ၌ နေ့စားဝန်ထမ်းများဖြစ်ပါက အသက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲမှတစ်ဆင့် လျှောက်ထားသည့် ကြိုတင်လျှောက် လွှာမိတ္တူ (၁)စောင်တင်ပြရမည်ဖြစ်ပြီး ဝန်ထမ်းမဟုတ်ပါက အလုပ်သမားမှတ်ပုံတင်မိတ္တူကို တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားသူများတွင် အရည်အချင်းပြည့်မီသူများအား မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်များကို ရေဖြေစာမေးပွဲဖြေဆိုရမည့်အပြင် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ဩဂုတ်လကုန်တွင် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဖြေဆိုရမည့်ရက်အား ကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးပြအခမ်းနားအတွင်း အမေရိကန်အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ နောက်ဆုံးထုတ် ဒုံးကျည်တွေကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း