စစ်ရေးပြအခမ်းနားအတွင်း အမေရိကန်အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ နောက်ဆုံးထုတ် ဒုံးကျည်တွေကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၈
မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းနားမှာ အမေရိကန်နိုင်ငံအထိရောက်ရှိ နိုင်စွမ်းရှိတဲ့ Hwasong-18 အမျိုးအစားတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် နဲ့ Hwasong-17 အမျိုးအစား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ထုတ်ပြခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဒုံးကျည်အမျိုးစားနှစ်ခုဟာ မြောက်ကိုရီးယားနိုင်ငံက တီထွင်ထုတ်လုပ်ထားတဲ့နောက်ဆုံးထုတ် ဒုံးကျည် တွေဖြစ်ပြီး အမေရိကန်နိုင်ငံကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ပြီး ပြုံးယမ်းမြို့မှာကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်များ၊ တိုက်ခိုက်ရေးဒရုန်းများကို ထုတ်ပြခဲ့ ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ပြီးဆုံးခြင်းအခမ်းအနားကို စစ်အောင်ပွဲနေ့အဖြစ် သတ်မှတ်ထား ကြောင်း သိရပါတယ်။ အဆိုပါစစ်ရေးပြအခမ်းနားကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် အပြင် တရုတ် အစိုးရတာဝန်ရှိသူများနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါစစ်ရေးပြ အခမ်းနားမှာပြသခဲ့တဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားတဲ့ ဒုံးကျည်တွေထဲ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
စစ်ရေးပြအခမ်းအနားအတွင်း စပိုင်လုပ်ငန်းသုံး ဒရုန်းများ၊ တိုက်ခိုက်ရေးဒရုန်းများကို ပျံသန်းပြခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန် အပါအဝင် ကုလသမဂ္ဂရဲ့ပိတ်ဆို့မှုအမျိုးမျိုး ရင်ဆိုင်နေရပေမယ့် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံ ကြား စစ်ရေးပူးတွဲလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားနိုင်ငံက ရန်စမှုအဖြစ် ရှုမြင်ပြီး ဒုံးကျည်များကို သတိပေး ပစ်ခတ်မှု မကြာခဏလုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့နယ်ရှိ Mytel တာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် ငွေကျပ်သိန်း(၅၀၀)ခန့် ဆုံးရှုံးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ