မြင်းခြံမြို့နယ်ရှိ Mytel တာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် ငွေကျပ်သိန်း(၅၀၀)ခန့် ဆုံးရှုံးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်းငွေကျပ်သိန်း(၅၀၀)ခန့် ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သော(ဇူလိုင်လ ၂၅ ရက်)၊ နံနက် ၄ နာရီအချိန်တွင် မြင်းခြံမြို့နယ်၊ ဒါးကျွန်း (တောင်)ရွာ၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းတာဝါတိုင်မှာ BTS အမျိုးအစား တာဝါတိုင်အမှတ် MDY-0928 ဖြစ်ပြီး တာဝါတိုင်၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများအား PDF အဖွဲ့မှ ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်တွင်တပ်ဆင်ထားသည့် 13KV မီးစက်(၁)လုံး၊ 48 V Battery (၇)လုံး၊ လိုင်းလွှင့်စက် (၁)လုံး၊ ဆိုလာ (၃)ချက်၊ Battery Cabinet Aircon(၁)လုံးနှင့် ဝိုင်ယာကြိုးများ စုစုပေါင်း ငွေကျပ်သိန်း(၅၀၀)ခန့် မီးလောင်ပျက်ဆီးခဲ့ပြီး ဆက်သွယ်ရေးလိုင်းများပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်တို့ နေပြည်တော်၌ တွေ့ဆုံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း