အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အလွန်မိုက်မဲသူတစ်ဦးဖြစ်တယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန် ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၂၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အလွန်မိုက်မဲသူတစ်ဦးဖြစ်တယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ၁၅၅ မီလီမီတာ သုံးအမြှောက်ကျည်ဆံမှုတွေ ကုန်ခန်းနေတယ်လို့ ပြောဆိုခဲ့ခြင်းနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်လိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတက ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ၁၅၅ မီလီမီတာသုံး အမြှောက်ကျည်ဆံတွေမရှိတော့ကြောင်း၊ အဲဒီအတွက် ယူကရိန်းကို cluster munition ကျည်ဆံတွေကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဇူလိုင်လအစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ သမ္မတဂျိုးဘိုင်ဒန် ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာကို နားမလည်တော့ဘူး။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံမှာ လက်နက်ကျည်ဆံတွေမရှိတော့ဘူးဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ချပြခဲ့တယ်။ ကျွန်တော် သမ္မတအဖြစ်တာဝန်ယူချိန်က အမေရိကန်စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ၊ ကျည်ဆံတွေ အလုံလောက်ထားရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကျွန်တော်လက်ထက်က ထားခဲ့တဲ့ ကျည်ဆံတွေကို ဖြုန်းတီးပစ်ခဲ့တယ်။ အဆိုးရွားဆုံးကတော့ ကျွန်တော်တို့မှာ ကျည်ဆံတွေ မရှိတော့ဘူးဆိုတာ ကမ္ဘာသိချပြခဲ့တာပါ။ တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက အမေရိကန်ကို ရန်လိုနေတဲ့နိုင်ငံတွေကို သိအောင်ချပြလိုက်တာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်း နဲ့ ရုရှားတို့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်း၊ ငွေကြေးများ ကူညီထောက်ပံ့ပေးခြင်းများရှိခဲ့ရာ သမ္မတဟောင်းဒေါ်နယ်ထရမ့် အပါအဝင် ရီပတ်ဘလီကန်ပါတီဝင်များက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ဟာ နိုင်ငံငွေကြေးတွေကို ယူကရိန်းကို ကူညီပေးနေတယ်။ ယူကရိန်းကတော့ သမ္မတဂျိုးဘိုင်ဒန်နဲ့ မိသားစုကို ပြန်ပေးနေတာမျိုးတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။ ယူကရိန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ဂျိုးဘိုင်ဒန် နဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒန်တို့ကို ငွေကြေးများ ပေးခဲ့ဖူးကြောင်း၊ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်က ယူကရိန်းကုမ္ပဏီထံကနေ ငွေကြေးများ တရားမဝင် ရယူခဲ့ဖူးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့တော်မော်စကို ကို တိုက်ခိုက်ဖို့လာတဲ့ ယူကရိန်းဒရုန်း နှစ်စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း