မြို့တော်မော်စကို ကို တိုက်ခိုက်ဖို့လာတဲ့ ယူကရိန်းဒရုန်း နှစ်စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၄
ရုရှားဟာ မော်စကိုမြို့မှာ ပျံသန်းလျက်ရှိနေတဲ့ ယူကရိန်းဒရုန်း နှစ်စင်းကို ဇူလိုင် ၂၃ ရက်က ပစ်ချဖျက်ဆီးခဲ့ကြောင်း ရုရှားစစ်တပ် က ပြောပါတယ်။
အဆိုပါ ယူကရိန်းဒရုန်းနှစ်စီးဟာ မော်စကိုမြို့နားရှိ လူနေအိမ်ယာ မဟုတ်တဲ့နေရာတွေမှာ ပျံသန်းနေခဲ့ပြီး ပစ်ချခဲ့ခြင်းဖြစ်ရာ တစ်စီးက ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ရုံးနားမှာ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းပိုင်နက် အိုဒီဆာဆိပ်ကမ်းကို ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက် အကြာမှာ ယူကရိန်းဒရုန်းတွေဟာ မြို့တော်မော်စကိုမြို့ကို ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရုရှား စစ်ဘက်က "ယူကရိန်းဟာ မော်စကိုမြို့ကို ဒရုန်းတွေ လွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ယူကရိန်း ဒရုန်းနှစ်စီးကို ရပ်တန့်နိုင်ခဲ့တယ်။ ယူကရိန်းဒရုန်းနှစ်စီး စလုံးဟာ ရှေ့ဆက် မသွားနိုင်ဘဲ ပျက်ကျသွားခဲ့တယ်။ လူတွေ ထိခိုက်တာမျိုးတော့မရှိဘူး" လို့ပြောပါတယ်။
ယူကရိန်း ဒရုန်းနှစ်စီးအနက်တစ်စီးက ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ ပျက်ကျသွားခဲ့သလို အခြားတစ်စီး ကတော့ Likhacheva လမ်းရှိ စီးပွားရေးစင်တာအဆောက်အဦးနားမှာ ပျက်ကျသွားခဲ့ကြောင်း ရုရှားစစ်ဘက် က ပြောပါတယ်။
ဒရုန်းများ ပစ်ချလိုက်ချိန်မှာ မြို့တော်မော်စကိုရှိလမ်းအချို့ကို ပိတ်ထားခဲ့ရကြောင်း၊ အဆိုပါဒရုန်းဟာ ယူကရိန်း နယ်စပ်ဒေသကနေ မိုင်ပေါင်း ၃၁ဝ ကျော် ပျံသန်းလာတဲ့ဒရုန်းဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံ ပိုင်နက်တွေကို ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီး ပြီးခဲ့တဲ့မေလကလည်း ရုရှားအစိုးရအဆောက်အဦးကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ရာပစ်ချခံလိုက်ရကြောင်း သိရပါတယ်။ ရုရှားစစ်ဘက်ဟာ ဇူလိုင်လအစောပိုင်းမှာ နိုင်ငံတကာလေဆိပ်နားကို ပျံသန်းနေတဲ့ ယူကရိန်း ဒရုန်း ငါးစင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်မင်းလူကလေးဟု လူသိများခဲ့သော သရုပ်ဆောင်ဦးစံမြင့် ကွယ်လွန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း