မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဒဏ်ကြေးကောက်ခံမှုအား ရင်းဂစ်(၁၅၀)တိုးမြှင့်ကြောင်း ထုတ်ပြန်
ယွန်း (NSS) - ဇူလိုင် ၂၄
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဒဏ်ကြေးကောက်ခံမှုအား ရင်းဂစ်(၁၅၀)တိုးမြှင့်ကောက်ခံလိုက်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် ညွှန်ကြားချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဒဏ်ကြေးငွေ ကောက်ခံမှုနှင့်ပတ်သတ်၍ ပြောင်းလဲကောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲမှုအရ ယနေ့(ဇူလိုင်လ ၂၄ ရက်)မှစ၍ ယခင်ကောက်ခံနေသည့် ဒေသသုံးငွေ ရင်းဂစ်ကို ရင်းဂစ်(၁၅၀) ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဒဏ်ကြေးငွေကို ဒေသသုံးငွေ ရင်းဂစ်(၃၃၀) သတ်မှတ်ထားသော်လည်း ယနေ့မှစ၍ ရင်းဂစ်(၄၈၀)သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စွပ်ပြုတ်အိုးတည်ရာမှ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှု ပုတီးကုန်းမြို့တွင် ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း