ထိုင်းမှာတရားမဝင်ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်းကို စီးနင်းပြီး အလှပြင်ဆရာမအဖြစ်လုပ်ကိုင်နေတဲ့မြန်မာဆရာဝန်ကို ဖမ်းဆီးခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်း beauty clinic ကို စီးနင်းရှာဖွေဖို့ ထိုင်းကျန်းမာ ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်ကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်မြို့ Ekamai အရပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းကို စီးနင်းပြီး မြန်မာအမျိုးသမီးဆရာဝန်တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အလှပြင်ဆေးခန်းကို စီးနင်းခဲ့ပြီးနောက် ဆေးခန်းမှာ အလှပြင်ဆရာဝန်အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသူ အယ်မွန်ဆိုသူကိုလည်း စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အယ်မွန်က ၎င်းဟာ မြန်မာနိုင်ငံရှိ ဆေးကျောင်းမှဘွဲ့ရရှိခဲ့သူဖြစ်ပြီး ဖောက်သည်တစ်ဦးအတွက် အလှပြင်ဆေးကုသခအဖြစ် ဘတ် ၂၀၀၀ ရရှိခဲ့ကြောင်း၊ ၎င်းလာရောက်အလုပ်လုပ်နေတာမကြာသေးဘဲ တစ်လကျော်ကြာသာရှိသေးတယ်လို့ ထွက်ဆိုထားပါတယ်။
အလှပြင်ဆေးခန်းမှာ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခံထားရတဲ့ အယ်မွန်က ၎င်းဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး လာရောက်အလှပြင်သူများကို ရောဂါရှာဖွေခြင်း၊ ဗီတာဗင်ဆေးထိုးခြင်းအပါအဝင် ဆေးဝါးကုသမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလုပ်ဆောင်ပေးရတယ်လို့ ဝန်ခံထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ အဆိုပါတရားမဝင်ဖွင့်လှစ်ထားတဲ့ အလှပြင်ဆေးခန်းကို ပိတ်သိမ်းခဲ့သလို အလှပြင်ဆိုင်အတွင်းရှိ ဘတ် ၅သန်းတန်ဖိုးရှိ ပစ္စည်းများကို သိမ်းယူခဲ့သလို အလှပြင်ဆေးခန်းနဲ့ပတ်သက်တဲ့ ပိုင်ရှင်၊အလှပြင်ဆရာမ အပါအဝင်တာဝန်ရှိသူများကို စွဲချက်တင်သွားဖွယ်ရှိနေပါတယ်။
အလှပြင်ဆရာမအဖြစ်လုပ်ကိုင်နေတဲ့ အယ်မွန်ကို ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်မှုအပြင် ထိုင်းနိုင်ငံမှာ လိုင်စင်မရှိဘဲ ဆေးဝါးကုသမှုတွေနဲ့ စွဲချက်တင်သွားဖွယ်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ အဆိုပါအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သက်သေခိုင်မာမှုတွေရှိလာချိန်မှာ အလှပြင်ဆိုင် ပိုင်ရှင်တွေဖြစ်တဲ့ နိုင်ငံခြားသားတွေကိုလည်းစွဲချက် တင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦးဖုန်းပြောနေစဉ် အိမ်နီးနားချင်းအမျိုးသားမှ ဓားဖြင့်ထိုးကား ဖုန်းလုယက်မှု ပြည်မြို့၌ဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ