အမျိုးသမီးတစ်ဦးဖုန်းပြောနေစဉ် အိမ်နီးနားချင်းအမျိုးသားမှ ဓားဖြင့်ထိုးကား ဖုန်းလုယက်မှု ပြည်မြို့၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၃
ပဲခူးတိုင်း၊ ပြည်မြို့၌ အမျိုးသမီးတစ်ဦးဖုန်းပြောနေစဉ် အိမ်နီးနာချင်းအမျိုးသားတစ်ဦးမှ ဓားဖြင့်ထိုးကာ ဖုန်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၂ ရက်)၊ ည ၁၁နာရီအချိန်တွင် ပြည်မြို့၊ အောင်သီရိရပ်ကွက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒါက အိမ်နီးနားချင်းကလုပ်တာလို့ ပြောတယ်ဗျ။ ဖုန်းလုတာဗျ။ ကောင်မလေးက အိမ်ရှေ့ထွက်ပြီးဖုန်းပြောတာလို့ပြောတယ်”ဟု ပြည်မြို့ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက်(၂၀)ဝန်းကျင်ရှိပြီး အိမ်နီးနားချင်းအမျိုးသားမှ ဓားဖြင့်ထိုးကာ ဖုန်းအားလုယက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့အမျိုးသမီးက မစိုးရိမ်ရပါဘူးဗျ။ လက်မောင်းလေးပဲထိမိတာပါ။ ထိုးတာကတော့ ခွန်ထက်တဲ့ အရာနဲ့ပါ။ သက်ဆိုင်ရာကတော့ ဓားလို့ပဲသုံးတယ်ဗျ။ ကျန်တာတော့ ကျွန်တော်တို့လဲ မသိရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ဒဏ်ရာရရှိခဲ့သော အဆိုပါအမျိုးသမီးအား ပြည်မြို့ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓားဖြင့်ခုတ်ရန်သွားသော အမျိုးသား ဓားလုယက်ခံရပြီး ပြန်လည်အခုတ်ခံရမှုကြောင့် သေဆုံးသွားမှု နေပြည်တော်၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း