ဓားဖြင့်ခုတ်ရန်သွားသော အမျိုးသား ဓားလုယက်ခံရပြီး ပြန်လည်အခုတ်ခံရမှုကြောင့် သေဆုံးသွားမှု နေပြည်တော်၌ ဖြစ်ပွား
စော (NSS) - ဇူလိုင် ၂၃
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဓားဖြင့်ခုတ်ရန်သွားသော အမျိုးသားတစ်ဦး ဓားလုယက်ခံရကာ ပြန်လည်အခုတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၃ ရက်)၊ နံနက် (၂)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင် လူမှုကူညီရေး ပရဟိတအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ယမန်နေ့(ဇူလိုင်လ ၂၂ ရက်)၊ ညပိုင်းတွင် ဓားကိုယူပြီး အပြင်သို့ထွက်ခဲ့သဖြင့် ၎င်း၏ဇနီးဖြစ်သူက အိမ်သို့ပြန်ခေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအမျိုးသားက ဇနီးဖြစ်သူအိပ်ပျော်နေသည့်အချိန်တွင် အဆိုပါကျေးရွာရှိ နေအိမ်တစ်လုံးသို့ ဓားဖြင့် ခုတ်ရန်သွားခဲ့ကြောင်း သိရသည်။
“ဒီအတိုင်းရန်ငြိုးရန်စမရှိဘဲ ဓားနဲ့သွားခုတ်တာပါ။ လာခုတ်တော့ အိမ်ရှင်ရဲ့ညာဘက်ပါးမှာ ပြတ်ရှဒဏ် ရာ ရသွားတယ်။ အဲဒီလိုခုတ်ခံရပြီးတော့မှ ဓားယူလာတဲ့လူဆီကနေ ပြန်လုပြီး ခုတ်လိုက်တာပါ။ ပြန်ပြီးအခုတ်ခံရတော့ ဂုတ်ပိုးအထက်နားမှာ ပြတ်သွားတဲ့ဒဏ်ရာနဲ့ လာခုတ်တဲ့လူက ပွဲချင်းပြီးသေသွားတာပါ။ သွားခုတ်တဲ့ သူက ဆေးတွေဘာတွေကြောင်နေလို့လားဆိုတာ ဆေးစစ်ချက်မှာပဲ သိရမှာပေါ့”ဟု ကရုဏာရှင် လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဦးဝင်းကိုဖြစ်ပြီး အထက်ပါကျေးရွာတွင် နေထိုင်သူဖြစ်ကာ ဂုတ်ပိုးတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓားကို လုယူကာ ပြန်လည်ခုတ်သူသည် ဦးခင်မောင်လွင်ဖြစ်ပြီး ၎င်းအား ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တူနီးရှားသဘောတူညီချက်သည် ရွှေ့ပြောင်းနေထိုင်သူများ၏ အသက် နှင့် အီးယူ၏ ငွေကြေးတို့ လဲလှယ်နိုင်သည့် စံနမူနာဖြစ်လာမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ စိုးရိမ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း