ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဟု မြန်မာသံရုံးအသိပေး
ယွန်း (NSS) - ဇူလိုင် ၂၀
ထိုင်းနိုင်ငံရှိ သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူးလက်မှတ်များကို လာမည့် သြဂုတ်လ(၂)ရက်မှစ၍ အသစ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထားသည်။
ထို့ကြောင့် ရက်ချိန်းတိုကင်များအား ဇူလိုင်လ(၂၉)ရက်မှစ၍ စနေနေ့တိုင်း နံနက်(၈)နာရီ မှစတင်ကာ နေ့လည်(၁၂) နာရီအထိ ရုံးဟောင်းဂိတ် (ယခင်နေရာ)၌ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရက်ချိန်းတိုကင် လာရောက်ထုတ်ယူသူများအနေဖြင့် မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်စာအုပ်ကို ယူဆောင်လာရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မည်ဖြစ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံးဝပေးအပ်မည်မဟုတ်ကြောင်း သံရုံးက အသိပေးထားသည်။
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အရေ အတွက်သည် အနည်းငယ်သာရှိသည့်အတွက် ညအချိန်မှစ၍ နေရာယူတန်းစီရန် မလိုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့် PJ သက်တမ်းကုန်ဆုံးသူများအနေဖြင့် ဇူလိုင်လ(၂၉)ရက် နံနက်မိုးလင်းမှသာလာရောက်ရန်နှင့် လာရောက်သူအားလုံးကို ထုတ်ပေးမည်ဖြစ်ခြင်းကြောင့် စနစ်တကျတန်းစီ၍ တိုကင်ရယူရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ တောင်းရမ်းစားသောက်သည့် တူဝရီး(၂)ဦး ကားတိုက်ခံရပြီး သေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း