ရှေ့သို့ချီပါတီခေါင်းဆောင်ကို မဲမပေးဘဲနေတဲ့ အထက်လွှတ်တော်အမတ်တွေ ခြိမ်းခြောက်ခံရမှုများ၊ အသရေဖျက်ခံရမှုများ တွေ့ကြုံနေရကြောင်း အထက်လွှတ်တော်အမတ်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲပထမအကျော့မှာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို မဲမပေးဘဲနေခဲ့တဲ့ အထက်လွှတ်တော် အမတ်တွေကို လူမှုကွန်ရက်ကတဆင့် အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူများနဲ့ပတ်သက်ပြီး သက်သေအထောက်အထားများကို စုဆောင်းလျက်ရှိနေကြောင်း ထိုင်းအထက်လွှတ်တော်အမတ် Somchai Sawaengkarn က ပြောပါတယ်။
ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ ၃၂၃ မဲသာရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက် လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ၂၅ဝ ဦးအနက် ၁၃ ဦးသာ ပီတကို မဲပေးခဲ့ပြီး ၃၉ ဦးက ကန့်ကွက်မဲ ပေးခဲ့ သလို ကြားနေမဲပေးခဲ့သူ ၁၅၉ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
အထက်လွှတ်တော်ကိုယ်စားလှယ်များဟာ ၎င်းတို့အပေါ်လူမှုကွန်ရက်ကတဆင့် ခြိမ်းခြောက်မှုတွေ၊ အသရေဖျက် မှုတွေ လုပ်ဆောင်ခဲ့သူတွေကို တရားစွဲဖို့ သက်သေအချက်အလက်တွေ စုဆောင်းနေကြောင်း သိရပါတယ်။ ၎င်းက "ဒီမိုကရစီစံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ကျွန်တော်ကို တောင်းပန်စရာမလိုဘူး။ ခြိမ်းခြောက်မှုတွေ၊ အသရေဖျက်မှုတွေအတွက် ထောင်ထဲတန်းသွားရမှာပါ။ တစ်ခုတော့ သတိပေးချင်တယ် ထိုင်းအထက်လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ရှေ့နေတွေ အများကြီးရှိနေတာကို သတိပေးလိုတယ်။ လူမှုကွန်ရက်ကို အသုံးပြုပြီး အမှားအယွင်းပြုလုပ်လာမယ်ဆိုရင်တော့ တရားစွဲဆိုခံရမှာဖြစ်တယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လူမူကွန်ရက်အသုံးပြုနေသူတွေဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ကျော်လွန်လုပ်ဆောင်နေပြီး ခြိမ်းခြောက်ခြင်း၊ အသရေပျက်စေခြင်းတွေဖြစ်စေတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း ၎င်းက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းရွှေစျေး မြင့်တက်နေပြီး အရောင်းအဝယ်အေးနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း