ပြည်တွင်းရွှေစျေး မြင့်တက်နေပြီး အရောင်းအဝယ်အေးနေ
NSS - ဇူလိုင် ၁၆
ဇူလိုင်လဆန်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများလည်း ဆက်တိုက်မြင့်တက်ခဲ့ကြောင်းသိရသည်။
လတ်တလော၌ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၉၅၅ ဒေါ်လာဝန်းကျင်ပေါက်ဈေးရှိနေပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ်နှစ်သိန်းခြောက်သောင်းဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။
“နိုင်ငံတကာရွှေဈေးမြင့်တော့ ပြည်တွင်းရွှေဈေးလည်းမြင့်နေတယ်။ အမေရိကန်ဒေါ်လာဈေးကလည်း အမြင့်ဈေး နဲ့ အရောင်းအဝယ်မရှိတော့ ရွှေလဲအရောင်းအဝယ်အေးသွားပါတယ်။ ရွှေဈေးပြန်ကျလာရင်တော့ အရောင်းအဝယ်ပြန်ဖြစ်လာမယ်ထင်တယ်"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန်ရွှေဈေးကွက်တွင် ရွှေဈေးဆက်တိုက်မြင့်တက်နေပြီး မန္တလေး ရွှေအသင်းရုံးသည် ရွှေဈေးကျဆင်းစေရန် ရွှေခုနစ်ပိဿာကျော် ထုတ်ရောင်းခဲ့သော်လည်း မီးလင်းအခေါက်ရွှေဈေး ကျဆင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
မိုးတွင်းကာလသည် ရွှေအရောင်းအဝယ်ပါးသောကာလဖြစ်ပြီး လတ်တလောပြည်တွင်းရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးပါ မြင့်တက်နေခြင်းကြောင့် အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်ပေါ်နေကြောင်းရွှေကုန်သည်များက ခန့်မှန်းထားကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(AI) နဲ့ ပတ်သက်ပြီး အကာကွယ်ရယူနိုင်ဖို့အပြင် အကျိုးအမြတ်များကို ညီမျှစွာရယူနိုင်ဖို့ ကမ္ဘာကျော် ဟောလီဝုဒ်သရုပ်ဆောင်များ ဆန္ဒပြပွဲများလုပ်ဆောင်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း