(AI) နဲ့ ပတ်သက်ပြီး အကာကွယ်ရယူနိုင်ဖို့အပြင် အကျိုးအမြတ်များကို ညီမျှစွာရယူနိုင်ဖို့ ကမ္ဘာကျော် ဟောလီဝုဒ်သရုပ်ဆောင်များ ဆန္ဒပြပွဲများလုပ်ဆောင်နေ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
ကမ္ဘာကျော်ဟောလီးဝုဒ် သရုပ်ဆောင်များအစည်းအရုံးနဲ့ ဇာတ်ညွှန်းရေးဆရာများ အစည်းအရုံးတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆန္ဒပြပွဲများ စတင်လိုက်ကြောင်း သိရပါတယ်။
၎င်းတို့ဟာ အမေရိကန်နိုင်ငံရှိ ရုပ်သံ နဲ့ ရေဒီဌာနများအဖွဲ့ နဲ့ သဘောတူစာချုပ်များ မချုပ်ဆိုနိုင်ပြီးနောက် အခုလိုမျိုးဆန္ဒပြပွဲများ စတင်လိုက်ခြင်းဖြစ်ပါတယ်။ ဟောလီဝုဒ်သရုပ်ဆောင်များ အစည်းအရုံးနဲ့ ဇာတ်ညွှန်းရေး စရာများအစည်းအရုံးတို့ဟာ ၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဆန္ဒပြခဲ့တာလည်းဖြစ်ပါ တယ်။
ဇာတ်ညွှန်းရေးဆရာများအစည်းအရုံးဟာ ၎င်းတို့အပေါ် အခငွေကြေးပေးချေမှုနည်းပါးမှုများကြောင့် မေလ အစောပိုင်းကတည်းက ဆန္ဒပြပွဲမျာစတင်ခဲ့ပြီး ဟောလီဝုဒ်အနုပညာရှင်များ အစည်းအရုံးကတော့ ပြီးခဲ့တဲ့ရက်ပိုင်း မှာ ပူးပေါင်းပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဟောလီဝုဒ်အနုပညာရှင်များအစည်းအရုံးမှာ ကမ္ဘာကျော်မင်းသားတွေဖြစ်တဲ့ ဂျွန်နီဒက်၊ တွန်ခရုဇ်၊ အန်ဂျိန်လီနာ ဂျိုလီစတဲ့ နာမည်ကျော်မင်းသားများ၊ သရုပ်ဆောင်များ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ထားပြီး သရုပ်ဆောင်ဦးရေ ၁၆ဝဝဝဝ ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၎င်းတို့ဟာ စတူဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင် ရချိန် မှာ AI ရဲ့သက်ရောက်မှု၊ သရုပ်ဆောင်ခငွေကြေးနည်းပါးခြင်းများကြောင့် ဆန္ဒပြပွဲများ စတင်လိုက်ခြင်းဖြစ်ပြီး အမေရိကန်ရုပ်ရှင်လုပ်ငန်း ပိတ်ထားရကြောင်း သိရပါတယ်။
အဆိုပါအစည်းအရုံးနှစ်ခုဟာ (AI)အခွင့်ရေးနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုရှိစေဖို့အပြင် ရုပ်ရှင်သရုပ်ဆောင်မှု များအတွက် အကျိုးမြတ်ကို ညီမျှစွာခွဲဝေပေးဖို့ လိုလားနေကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ဆန္ဒပြပွဲတွေကို ၂ဝ၂၃ ခုနှစ် နှစ်အကုန်အထိ လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်ဟောလီဝုဒ်သရုပ်ဆောင်များရဲ့ဆန္ဒပြပွဲများကြောင့် Avatar နဲ့ Gladiator ရုပ်ရှင်ဇာတ်ကား စတဲ့ နာမည်ကျော်ဇာတ်ကားတွေကို ထုတ်လုပ်တဲ့ ထုတ်လုပ်ရေးကုမ္ပဏီအများအပြား သက်ရောက်မှုများစွာဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူးမြို့နယ်တွင် ဝိုင်းဖွဲ့ထမင်းစားနေသည့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ(၄)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ