ဖြူးမြို့နယ်တွင် ဝိုင်းဖွဲ့ထမင်းစားနေသည့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ(၄)ဦးထိခိုက်ဒဏ်ရာရ
NSS - ဇူလိုင် ၁၆
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဝိုင်းဖွဲ့ထမင်းစားနေသည့် နေအိမ်ပေါ်သို့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၃ ရက်)၊ နံနက် ၉နာရီအချိန်တွင် ဖြူးမြို့နယ်၊ ဘန်းလောင်ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါနေအိမ်၌ ဝိုင်းဖွဲ့ကာထမင်းစားနေကြသော ဦးစံသိန်း(၅၄)နှစ်၊ ဦးဝင်းစိုး(၅၄)နှစ်၊ ဒေါ်နွဲ့နွဲ့ဌေး(၄၈)နှစ် နှင့် မောင်မင်းစိုးခန့်(၁၈)နှစ်တို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော ၎င်းတို့(၄)ဦးကို ဆေးကုသနိုင်ရန်အတွက် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူများကို ပစ်သတ်ခွင့်ပေးမယ့်ဥပဒေအသစ် ထုတ်ပြန်ပေးစေလိုကြောင်း Bhumjaithai ပါတီ တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း