ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူများကို ပစ်သတ်ခွင့်ပေးမယ့်ဥပဒေအသစ် ထုတ်ပြန်ပေးစေလိုကြောင်း Bhumjaithai ပါတီ တောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူများကို ပစ်သတ်ခွင့်ပေးမယ့်ဥပဒေအသစ် ထပ်မံထုတ်ပြန်ပေးစေလို ကြောင်း ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ Bhumjaithai ပါတီ ဒုတိယခေါင်းဆောင်က တောင်းဆို လိုက်ပါတယ်။
Bhumjaithai ပါတီခေါင်းဆောင်ဖြစ်သူ ချာဒါ ထိုင်ဆက်က ထိုင်းပြည်သူတွေကို စည်းကမ်းပိုင်း တင်းကြပ်ရမှာ ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်နေသူတွေကို ပစ်သတ်ခွင့်ပေးမယ့်ဥပဒေအသစ်ကို ပြဋ္ဌာန်းဖို့ လိုလားကြောင်း ပြောပါတယ်။ ၎င်းဟာ ထိုင်းရှေ့သို့ချီပါတီခေါင်းဆောင်ပီတနဲ့ ရှေ့သို့ချီပါတီရဲ့ လုပ်ဆောင်ချက် များကို ဝေဖန်ပြစ်တင်ခဲ့သူလည်းဖြစ်ပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ လုံလောက်တဲ့ဆန္ဒမဲ မရဘဲ ရှုံးနိမ့်သွားခဲ့ပြီးနောက် ချာဒါထိုင်ဆက်က ပီတလင်ဂျာရိုအမ်ရက်ကို လှောင်ပြောင်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ချာဒါထိုင်ဆက်က ၎င်းတို့ပါတီအနေနဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူတွေကို ပြစ်ဒဏ်ပေးတဲ့ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲမယ့် ဘယ်ပါတီကိုမှ အားပေးထောက်ခံမှာမဟုတ်ကြောင်း ပြောပါတယ်။ ချာဒါက ရှေ့သို့ချီပါတီနဲ့ ပါတီခေါင်းဆောင် လင်ဂျာရိုအမ်ရက်တို့ရဲ့ ပုဒ်မ ၁၁၂ ပြောင်းလဲမယ့်ကြိုးပမ်းမှုကို ဆန့်ကျင် ကြောင်း၊ ရှေ့သို့ချီပါတီအနေနဲ့ ၎င်းတို့ဟာ နိုင်ငံ စုစုပေါင်းလူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့သာ ရွေးကောက်ပွဲမှာ အနိုင် ရထားတဲ့ပါတီဖြစ်ကြောင်း၊ ပုဒ်မ ၁၁၂ ပြောင်းလဲမယ့်အစီအစဉ်ဟာ ထိုင်းနိုင်ငံအတွင်းရှိ အများစု ဆန္ဒနဲ့ ကိုက်ညီ ခြင်းမရှိကြောင်း ပြောပါတယ်။
ရှေ့သို့ချီပါတီဟာ မေလက ကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာ အောက်လွှတ်တော်အတွင်း နေရာပေါင်း ၁၅၁ နေရာ သာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ၎င်းက "လွှတ်တော်ဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မယ့်သူတွေကို ပြစ်ဒဏ်ပေးတာမျိုး မလုပ်တော့ဘဲ တစ်ခါတည်းပစ်သတ်ခွင့်ပေးမယ့်ဥပဒေအသစ် သတ်မှတ်ပြဋ္ဌာန်းပေးသင့် တယ်။ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတာတွေက ပြည်သူတွေကို လက်နက်ကိုင်လမ်းကြောင်းအပေါ် ပို့ဆောင်နေတာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ပစ်သတ်မှုတွေဖြစ်ပွားပြီး နိုင်ငံကို မင်းမဲ့စရိုက်ဆန်စွာနဲ့ ပရမ်းပတာဖြစ် အောင် ဦးတည်ပေးနေတာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဘိုမြို့မစျေးရှိ ငါးဈေးတန်း၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ကိုရင်တစ်ပါး အပါအဝင် (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ