တောင်ကိုရီးယားတွင် ရေကြီးမှုများကြောင့် အနည်းဆုံး(၇)ဦးသေဆုံးပြီး လူ(၁၅၀၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရဟုဆို
Pika (NSS) - ဇူလိုင် ၁၅
တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများနှင့်အတူ ဆည်တစ်ခု ရေလျှံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ဇူလိုင်လ(၁၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများနှင့်မြေပြိုမှုများကြောင့် အနည်းဆုံးလူ(၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထောင်နှင့်ချီသော လူများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ဇူလိုင်လ(၁၅)ရက်၊ နံနက်(၁၁)နာရီတွင် နိုင်ငံတစ်ဝှမ်း၌ လူပေါင်း(၁၅၆၇)ဦးကို ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ပြည်ထဲရေးနှင့်ဘေးကင်းရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။
ထို့ပြင် မြောက်ဘက် Chungcheong ပြည်နယ်ရှိ ဆည်တစ်ခုတွင် ရေလျှံမှုများကြောင့် ရွှေ့ပြောင်းပေးရမည့် လူအရေအတွက် တိုးလာနိုင်ကြောင်း ပြည်ထဲရေးနှင့်ဘေးကင်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ အစိုးရများသည် လူပေါင်း(၇၀၀၀)ကျော်ကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း ပြည်နယ်ဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရသိရသည်။ နံနက်(၉)နာရီအချိန်အထိ Goesan ဆည်အတွင်းသို့ တစ်စက္ကန့်လျှင် ရေတန်ချိန်(၂၇၀၀)ကျော် စီးဝင်ခဲ့ပြီးနောက် ဆည်တွင် အများဆုံးရှိနိုင်သော ရေပမာဏကို ကျော်လွန်သွားခဲ့ကြောင်းသိရသည်။
ရေကြီးမှုနှင့်အတူ မြေပြိုမှုများကြောင့် အနှေးရထားများနှင့် ကျည်ဆန်ရထားအချို့ကို ရပ်ဆိုင်းထားရကြောင်း Korea Railroad Corp ကပြောကြားခဲ့သည်။ Chungcheong ပြည်နယ်ရှိ ရထားလမ်းများပေါ်သို့ မြေပြိုကျမှုများကြောင့် ဇူလိုင်လ(၁၄)ရက် နှောင်းပိုင်းက အနှေးရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါမတော်တဆမှုအတွင်း ရထားအင်ဂျင်နီ ယာတစ်ဦး ထိခိုက်ုဏ်ရာရရှိခဲ့ပြီး ရထားပေါ်တွင် အခြားလိုက်ပါစီးနင်သူများ မရှိကြောင်းသိရသည်။ဝန်ကြီးချုပ် Han Duck-soo သည် အစိုးရအေဂျင်စီများနှင့်တွေ့ဆုံခဲ့ပြီး စစ်တပ်အားအစိုးရအရာရှိများနှင့်အတူကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ရန်အပြင် စက်ပစ္စည်းများနှင့်လူအင်အားကို စုစည်းရန်တောင်းဆိုခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပြီးရက်ပိုင်းအကြာမှာပဲ တရုတ်နိုင်ငံရဲ့ထိပ်တန်း သံတမန်ဖြစ်သူ နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း