အမျိုးသမီးများ ကျောင်းမတက်ရန်တားမြစ်ထားသည့် တာလီဘန်အဖွဲ့၏ ထုတ်ပြန်ချက်ပယ်ဖျက်ရန် အမေရိကန်တောင်းဆို
pika (NP News) - ဇန်နဝါရီ ၁၅
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများအား တက္ကသိုလ်တက်ခြင်းနှင့် အထက်တန်းကျောင်းတက်ခြင်းတို့ကို တားမြစ်ထားသောအမိန့်ကို ပယ်ဖျက်ပေးရန် တာလီဘန်များဦးဆောင်သော အာဏာပိုင်များအပေါ် ဆုံးဖြတ်ချက်တစ်ခုချမှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်နိုင်ငံက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီးဆွေးနွေးရန် ဇန်နဝါရီလ(၁၃)ရက်တွင် သီးသန့်တွေ့ဆုံခဲ့ကြောင်းလည်းသိရသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က အဆိုပါတားမြစ်ပိတ်ပင်မှုများကို ရှုတ်ချရန်နှင့် ဆုံးဖြတ်ချက်များကို ပြန်ပြင်ရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့ကိုတောင်းဆိုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်း အဝေးတွင် ပြောကြားခဲ့ကြောင်းလည်းသိရသည်။
အဆိုပါတောင်းဆို ချက်ကို အဖွဲ့ဝင်အားလုံးက ထောက်ခံ/မထောက်ခံဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်းသိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်တစ်ခုကိုအတည်ပြုရန် ထောက်ခံမဲ(၉)မဲလိုအပ်ပြီး ရုရှား၊ တရုတ်၊ ဗြိတိန်၊ပြင်သစ် သို့မဟုတ် အမေရိကန်တို့က ဗီတိုအာဏာဖြင့်အတည်ပြုပေးရန်မလိုအပ်ကြောင်းလည်းသိရသည်။
အဆိုပါအစည်းအဝေးမတိုင်မီ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၁)ဦးသည် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ဖိနှိပ်မှုများနှင့်ပတ် သက်သည့် ဆုံးဖြတ်ချက်များကို ပြန်ပြင်ရန် တာလီဘန်များကို တိုက် တွန်းမည့် ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ကုလသမဂ္ဂ၏ အကူအညီပေးရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်လုပ်ကိုင်ခြင်းကို တားမြစ်သည့် ကြေညာ ချက်ကို ဒီဇင်ဘာလ(၂၄)ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လအစောပိုင်းက အမျိုးသမီးများ တက္ကသိုလ်တက်ရောက်ခြင်းကို တားမြစ်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် တာလီဘန်အဖွဲ့က ယင်းကဲ့သို့ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးငယ်များ အထက်တန်းကျောင်းတက်ခြင်းကို မတ်လတွင် စတင်တားမြစ်ရပ်ဆိုင်းစေခဲ့ကြောင်းလည်းသိရသည်။
zawgyi version
အမ်ိဳးသမီးမ်ား ေက်ာင္းမတက္ရန္တားျမစ္ထားသည့္ တာလီဘန္အဖြဲ႕၏ ထုတ္ျပန္ခ်က္ပယ္ဖ်က္ရန္ အေမရိကန္ေတာင္းဆို
pika (NP News) - ဇန္နဝါရီ ၁၅
အာဖဂန္နစၥတန္ႏိုင္ငံတြင္ အမ်ိဳးသမီးမ်ားအား တကၠသိုလ္တက္ျခင္းႏွင့္ အထက္တန္းေက်ာင္းတက္ျခင္းတို႔ကို တားျမစ္ထားေသာအမိန႔္ကို ပယ္ဖ်က္ေပးရန္ တာလီဘန္မ်ားဦးေဆာင္ေသာ အာဏာပိုင္မ်ားအေပၚ ဆုံးျဖတ္ခ်က္တစ္ခုခ်မွတ္ေပးရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အေမရိကန္ႏိုင္ငံက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားသည္ အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသည့္ တာလီဘန္အဖြဲ႕၏ ဆုံးျဖတ္ခ်က္မ်ားႏွင့္ပတ္သက္ၿပီးေဆြးေႏြးရန္ ဇန္နဝါရီလ(၁၃)ရက္တြင္ သီးသန႔္ေတြ႕ဆုံခဲ့ေၾကာင္းလည္းသိရသည္။
ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး လင္ဒါေသာမတ္စ္ဂရင္းဖီးလ္က အဆိုပါတားျမစ္ပိတ္ပင္မႈမ်ားကို ရႈတ္ခ်ရန္ႏွင့္ ဆုံးျဖတ္ခ်က္မ်ားကို ျပန္ျပင္ရန္အတြက္ အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသည့္ တာလီဘန္အဖြဲ႕ကိုေတာင္းဆိုရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္း အေဝးတြင္ ေျပာၾကားခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေတာင္းဆို ခ်က္ကို အဖြဲ႕ဝင္အားလုံးက ေထာက္ခံ/မေထာက္ခံဆိုသည့္အခ်က္ကို ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းလည္းသိရသည္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ဆုံးျဖတ္ခ်က္တစ္ခုကိုအတည္ျပဳရန္ ေထာက္ခံမဲ(၉)မဲလိုအပ္ၿပီး ႐ုရွား၊ တ႐ုတ္၊ ၿဗိတိန္၊ျပင္သစ္ သို႔မဟုတ္ အေမရိကန္တို႔က ဗီတိုအာဏာျဖင့္အတည္ျပဳေပးရန္မလိုအပ္ေၾကာင္းလည္းသိရသည္။
အဆိုပါအစည္းအေဝးမတိုင္မီ အေမရိကန္၊ ၿဗိတိန္ႏွင့္ ျပင္သစ္တို႔အပါအဝင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္(၁၁)ဦးသည္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအေပၚ ဖိႏွိပ္မႈမ်ားႏွင့္ပတ္ သက္သည့္ ဆုံးျဖတ္ခ်က္မ်ားကို ျပန္ျပင္ရန္ တာလီဘန္မ်ားကို တိုက္ တြန္းမည့္ ပူးတြဲေၾကညာခ်က္ကိုထုတ္ျပန္ခဲ့ေၾကာင္းလည္းသိရသည္။ အာဖဂန္နစၥတန္ႏိုင္ငံတြင္ ကုလသမဂၢ၏ အကူအညီေပးေရးလုပ္ငန္းမ်ားတြင္ အမ်ိဳးသမီးမ်ားပါဝင္လုပ္ကိုင္ျခင္းကို တားျမစ္သည့္ ေၾကညာ ခ်က္ကို ဒီဇင္ဘာလ(၂၄)ရက္တြင္ အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသည့္ တာလီဘန္အဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္လအေစာပိုင္းက အမ်ိဳးသမီးမ်ား တကၠသိုလ္တက္ေရာက္ျခင္းကို တားျမစ္သည့္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးေနာက္ တာလီဘန္အဖြဲ႕က ယင္းကဲ့သို႔ထပ္မံထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ အာဖဂန္နစၥတန္ႏိုင္ငံတြင္ မိန္းကေလးငယ္မ်ား အထက္တန္းေက်ာင္းတက္ျခင္းကို မတ္လတြင္ စတင္တားျမစ္ရပ္ဆိုင္းေစခဲ့ေၾကာင္းလည္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား- ယူကရိန်း စစ်ပွဲအကြား ဂိုင်ယာနာရဲ့ ရေနံတင်ပို့မှု နှစ်ဆနီးပါး ခုန်တက်လာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း