ရုရှား- ယူကရိန်း စစ်ပွဲအကြား ဂိုင်ယာနာရဲ့ ရေနံတင်ပို့မှု နှစ်ဆနီးပါး ခုန်တက်လာ
ရောင်နီ (NP News) - ဇန်နဝါရီ ၁၅
ဥရောပမှာ ရုရှားနိုင်ငံမှ ထောက်ပံ့ရေး ပစ္စည်းများကို အစားထိုးဖို့ ခက်ခဲနေချိန် လက်တင်အမေရိကရဲ့ ရေနံတွေဟာ အထူးသဖြင့် ဥရောပမှာဝယ်လိုအား တိုးလာခြင်းကြောင့် ဂိုင်ယာနာနိုင်ငံရဲ့ ရေနံတင်ပို့မှုဟာ ယမန်နှစ်ကထက် ၁၆၄ ရာခိုင်နှုန်း ခုန်တက်လာခဲ့ပါတယ်။
ဂိုင်ယာနာ လုပ်ငန်းစု တစ်ခုဖြစ်တဲ့ Exxon Mobil (XOM.N) ဟာ ၂ဝ၁၉ ခုနှစ်နှောင်းပိုင်းမှာ တင်ပို့မှုမြင့်တက်လာခဲ့ပြီး တောင်အမေရိကနိုင်ငံရဲ့ ရေနံတင်ပို့မှု ဝင်ငွေဟာ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအထိရှိလာခဲ့ကြောင်း Reuters ၏တရားဝင်ကိန်းဂဏန်းများအရ သိရပါတယ်။
အစိုးရရဲ့ ရေနံဝေစု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဟာ ၂ဝ၂၁ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄ဝ၉ သန်း သိသိသာသာ တက်လာခဲ့ပါတယ်။ ကမ္ဘာ့ဈေးနှုန်း ကြီးမြင့်မှုဟာ နိုင်ငံရဲ့ ကနဦးဝင်ငွေ ခန့်မှန်းချက် အမေရိကန်ဒေါ်လာ ၉၅၈ သန်းထက် ပိုများလာပါတယ်။
တောင်အမေရိကရှိ အသေးငယ်ဆုံးနဲ့ ဖွံဖြိုးမှု မရှိဆုံးနိုင်ငံဖြစ်တဲ့ ဂါယာနာဟာ ၎င်းရဲ့ ရေနံကြွယ်ဝမှုကို စက်မှုလုပ်ငန်းအတွက် အသုံးပြုဖို့စီစဉ်နေပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လမ်းသစ်များနဲ့ နေရောင်ခြည်စွမ်းအင်သုံး ပရောဂျက်များ ပေါင်းထည့်ဖို့ စီစဉ်ထားပါတယ်။
Exxon ရဲ့ ဒုတိယမြောက် ရေပေါ်ရေယာဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်လုပ်ဆောင်ပြီးနောက်၊ ယူကရိန်း ကျူးကျော်မှုအပြီးမှာ ဥရောပမှ ရေနံသန့်စင်သော လုပ်ငန်းရှင်များက ရုရှားရေနံအတွက် အခြားရွေးချယ်စရာများကို ရှာဖွေနေတာကြောင့် ၎င်းရဲ့ တင်ပို့မှုများလည်း မြင့်တက်လာခဲ့ပါတယ်။ ဂါယာနာဟာ တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၆ဝဝဝဝ (bpd) ခန့် ထုတ်လုပ်နေပြီး ဆယ်စုနှစ် အကုန်မှာ ၁ ဒသမ ၆၄ million bpd အထိ မြှင့်တင်ရန် ရည်မှန်းထားပါတယ်။
Refinitiv Eikon ရဲ့ ပို့ဆောင်မှု ဒေတာအရ ဂါယာနာရဲ့ ပို့ကုန်ဟာ ယမန်နှစ်က ပျမ်းမျှ ၂၆၅၆၉၃ bpd ရှိပြီး ၂ဝ၂၁ ခုနှစ်မှာ ၁ဝဝ၆၄၅ bpd ထက် နှစ်ဆပိုများလာခဲ့တယ်လို့ သိရပါတယ်။
zawgyi version
႐ုရွား- ယူကရိန္း စစ္ပြဲအၾကား ဂိုင္ယာနာရဲ႕ ေရနံတင္ပို႔မႈ ႏွစ္ဆနီးပါး ခုန္တက္လာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၅
ဥေရာပမွာ ႐ုရွားႏိုင္ငံမွ ေထာက္ပံ့ေရး ပစၥည္းမ်ားကို အစားထိုးဖို႔ ခက္ခဲေနခ်ိန္ လက္တင္အေမရိကရဲ႕ ေရနံေတြဟာ အထူးသျဖင့္ ဥေရာပမွာဝယ္လိုအား တိုးလာျခင္းေၾကာင့္ ဂိုင္ယာနာႏိုင္ငံရဲ႕ ေရနံတင္ပို႔မႈဟာ ယမန္ႏွစ္ကထက္ ၁၆၄ ရာခိုင္ႏႈန္း ခုန္တက္လာခဲ့ပါတယ္။
ဂိုင္ယာနာ လုပ္ငန္းစု တစ္ခုျဖစ္တဲ့ Exxon Mobil (XOM.N) ဟာ ၂ဝ၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ တင္ပို႔မႈျမင့္တက္လာခဲ့ၿပီး ေတာင္အေမရိကႏိုင္ငံရဲ႕ ေရနံတင္ပို႔မႈ ဝင္ေငြဟာ ယမန္ႏွစ္က အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံအထိရွိလာခဲ့ေၾကာင္း Reuters ၏တရားဝင္ကိန္းဂဏန္းမ်ားအရ သိရပါတယ္။ အစိုးရရဲ႕ ေရနံေဝစု အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံဟာ ၂ဝ၂၁ ခုႏွစ္မွာ အျမတ္ေငြ အေမရိကန္ေဒၚလာ ၄ဝ၉ သန္း သိသိသာသာ တက္လာခဲ့ပါတယ္။
ကမာၻ႔ေစ်းႏႈန္း ႀကီးျမင့္မႈဟာ ႏိုင္ငံရဲ႕ ကနဦးဝင္ေငြ ခန႔္မွန္းခ်က္ အေမရိကန္ေဒၚလာ ၉၅၈ သန္းထက္ ပိုမ်ားလာပါတယ္။ ေတာင္အေမရိကရွိ အေသးငယ္ဆုံးနဲ႔ ဖြံၿဖိဳးမႈ မရွိဆုံးႏိုင္ငံျဖစ္တဲ့ ဂါယာနာဟာ ၎ရဲ႕ ေရနံႂကြယ္ဝမႈကို စက္မႈလုပ္ငန္းအတြက္ အသုံးျပဳဖို႔စီစဥ္ေနၿပီး သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ၊ လမ္းသစ္မ်ားနဲ႔ ေန ေရာင္ျခည္စြမ္းအင္သုံး ပေရာဂ်က္မ်ား ေပါင္းထည့္ဖို႔ စီစဥ္ထားပါတယ္။
Exxon ရဲ႕ ဒုတိယေျမာက္ ေရေပၚေရယာဥ္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက စတင္လုပ္ေဆာင္ၿပီးေနာက္၊ ယူကရိန္း က်ဴးေက်ာ္မႈအၿပီးမွာ ဥေရာပမွ ေရနံသန႔္စင္ေသာ လုပ္ငန္းရွင္မ်ားက ႐ုရွားေရနံအတြက္ အျခားေ႐ြးခ်ယ္စရာမ်ားကို ရွာေဖြေနတာေၾကာင့္ ၄င္းရဲ႕ တင္ပို႔မႈမ်ားလည္း ျမင့္တက္လာခဲ့ပါတယ္။ ဂါယာနာဟာ တစ္ေန႔လွ်င္ ေရနံစည္ေပါင္း ၃၆ဝဝဝဝ (bpd) ခန႔္ ထုတ္လုပ္ေနၿပီး ဆယ္စုႏွစ္ အကုန္မွာ ၁ ဒသမ ၆၄ million bpd အထိ ျမႇင့္တင္ရန္ ရည္မွန္းထားပါတယ္။ Refinitiv Eikon ရဲ႕ ပို႔ေဆာင္မႈ ေဒတာအရ ဂါယာနာရဲ႕ ပို႔ကုန္ဟာ ယမန္ႏွစ္က ပ်မ္းမွ် ၂၆၅၆၉၃ bpd ရွိၿပီး ၂ဝ၂၁ ခုႏွစ္မွာ ၁ဝဝ၆၄၅ bpd ထက္ ႏွစ္ဆပိုမ်ားလာခဲ့တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မည့်အစီအစဉ်ကို အားပေးထောက်ခံကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း