ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများကို လစဉ်ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ကို အစ္စရေးအစိုးရ ရပ်တန့်မယ်
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅
အစ္စရေးအစိုးရဟာ ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာလာတဲ့ရွှေ့ပြောင်းသွားလာသူ ထောင်ချီကို လစဉ်ပေးနေတဲ့ ငွေကြေးများကို လာမယ့်လများအတွင်းပေးတော့မှာမဟုတ်ကြောင်း အစ္စရေးဌာန Haaretz ကဖော်ပြထားပါတယ်။
အစ္စရေးအစိုးရဟာ လက်ရှိအချိန်မှာ ရွှေ့ပြောင်းသွားလာသူများကို ပေးရမယ့်ဒီဇင်ဘာလအတွက် ငွေကြေးများကို စာရင်းလုပ်နေပြီး လာမယ့်လများမှာတော့ ပေးတော့မှာမဟုတ်ကြောင်း၊ အစိုးရဟာ ဘတ်ဂျက်လိုအပ်မှုများကြောင့် ယူကရိန်းနေရပ်စွန့်ခွာထွက်ပြေးသူများကို လစဉ်ပေးနေတဲ့ငွေကြေးမပေးနိုင်တော့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသားများဟာ ဥရောပနိုင်ငံများအပြင် အစ္စရေး၊ ဂျပန်နိုင်ငံတို့ကို နေရပ်စွန့်ခွာထွက်ပြေးမှုများရှိခဲ့ကြောင်းသိရပါတယ်။ အစ္စရေး ပေါင်းစည်းရေးဝန်ကြီးဌာနဟာ ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာလာသူများအပေါ် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက ခွင့်ပြုထားသော အထူးခွင့်ပြုငွေပေးချေမှုအစီအစဉ်ကို သက်တမ်းထပ်မံမတိုးဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
အစ္စရေးအစိုးရဟာ တစ်လကို ယူကရိန်းစစ်ပွဲကြောင့်ထွက်ပြေးလာသူပေါင်း ၂၄ဝဝဝ ကို လစဉ်ထောက်ပံ့ငွေကြေးများပေးခဲ့ရကြောင်း၊ အဆိုပါအစီစဉ်အရ အစ္စရေးအစိုးရဟာ နေရပ်စွန့်ခွာထွက်ပြေးလာသူတစ်ဦးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၇၂ ဒေါ်လာပေးရကြောင်းသိရပါတယ်။
ဒါ့အပြင် ကလေးနှစ်ဦးပါဝင်တဲ့ နေရပ်စွန့်ခွာထွက်ပြေးသူမိသားစုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၈၄၇ ဒေါ်လာ ၊ ကလေးငယ်သုံးဦးပါဝင်တဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူ မိသားစုတစ်စုကို တစ်လ အမေရိကန်ဒေါ်လာ ၉၉၄ ဒေါ်လာပေးရကြောင်းသိရပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာသူမ်ားကို လစဥ္ေထာက္ပံ့ေၾကးေပးတဲ့ အစီအစဥ္ကို အစၥေရးအစိုးရ ရပ္တန႔္မယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅
အစၥေရးအစိုးရဟာ ယူကရိန္းစစ္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာလာတဲ့ေ႐ႊ႕ေျပာင္းသြားလာသူ ေထာင္ခ်ီကို လစဥ္ေပးေနတဲ့ ေငြေၾကးမ်ားကို လာမယ့္လမ်ားအတြင္းေပးေတာ့မွာမဟုတ္ေၾကာင္း အစၥေရးဌာန Haaretz ကေဖာ္ျပထားပါတယ္။
အစၥေရးအစိုးရဟာ လက္ရွိအခ်ိန္မွာ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားကို ေပးရမယ့္ဒီဇင္ဘာလအတြက္ ေငြေၾကးမ်ားကို စာရင္းလုပ္ေနၿပီး လာမယ့္လမ်ားမွာေတာ့ ေပးေတာ့မွာမဟုတ္ေၾကာင္း၊ အစိုးရဟာ ဘတ္ဂ်က္လိုအပ္မႈမ်ားေၾကာင့္ ယူကရိန္းေနရပ္စြန႔္ခြာထြက္ေျပးသူမ်ားကို လစဥ္ေပးေနတဲ့ေငြေၾကးမေပးႏိုင္ေတာ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲစတင္ခဲ့ၿပီးေနာက္ ယူကရိန္းႏိုင္ငံသားမ်ားဟာ ဥေရာပႏိုင္ငံမ်ားအျပင္ အစၥေရး၊ ဂ်ပန္ႏိုင္ငံတို႔ကို ေနရပ္စြန႔္ခြာထြက္ေျပးမႈမ်ားရွိခဲ့ေၾကာင္းသိရပါတယ္။
အစၥေရး ေပါင္းစည္းေရးဝန္ႀကီးဌာနဟာ ယူကရိန္းစစ္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာလာသူမ်ားအေပၚ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလက ခြင့္ျပဳထားေသာ အထူးခြင့္ျပဳေငြေပးေခ်မႈအစီအစဥ္ကို သက္တမ္းထပ္မံမတိုးဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။ အစၥေရးအစိုးရဟာ တစ္လကို ယူကရိန္းစစ္ပြဲေၾကာင့္ထြက္ေျပးလာသူေပါင္း ၂၄ဝဝဝ ကို လစဥ္ေထာက္ပံ့ေငြေၾကးမ်ားေပးခဲ့ရေၾကာင္း၊ အဆိုပါအစီစဥ္အရ အစၥေရးအစိုးရဟာ ေနရပ္စြန႔္ခြာထြက္ေျပးလာသူတစ္ဦးကို တစ္လလွ်င္ အေမရိကန္ေဒၚလာ ၆၇၂ ေဒၚလာေပးရေၾကာင္းသိရပါတယ္။ ဒါ့အျပင္ ကေလးႏွစ္ဦးပါဝင္တဲ့ ေနရပ္စြန႔္ခြာထြက္ေျပးသူမိသားစုတစ္စုလွ်င္ အေမရိကန္ေဒၚလာ ၈၄၇ ေဒၚလာ ၊ ကေလးငယ္သုံးဦးပါဝင္တဲ့ ေနရပ္စြန႔္ခြာထြက္ေျပးလာသူ မိသားစုတစ္စုကို တစ္လ အေမရိကန္ေဒၚလာ ၉၉၄ ေဒၚလာေပးရေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးများ ကျောင်းမတက်ရန်တားမြစ်ထားသည့် တာလီဘန်အဖွဲ့၏ ထုတ်ပြန်ချက်ပယ်ဖျက်ရန် အမေရိကန်တောင်းဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း