မုန်တိုင်းတိုက်ခတ်ပြီး (၂)လနီးပါးအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝပြန်လည်ရရှိ
ယွန်း (NSS) - ဇူလိုင် ၁၃
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသည့် ဘူသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တို့အား ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန(DPTSC) မှ ယနေ့(ဇူလိုင်လ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့နယ်အား ဇူလိုင်လ(၁၃)ရက်၊ နံနက်(၁၁)နာရီ (၂၃)မိနစ်အချိန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ပေးခဲ့ကြောင်းသိရပြီး မောင်တောမြို့နယ်ကိုလည်း နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်တွင် ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း DPTSC မှ ပြောကြားထားသည်။
ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပျက်စီးခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့် မေလ (၁၄)ရက်နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ အဆိုပါ မြို့နယ်(၁၀)မြို့နယ်အနက်မှ (၈)မြို့နယ်ကို ဇွန်လ(၇)ရက်မှ စတင်၍ ဇူလိုင်လ(၅)ရက်အထိ လျှပ်စစ်ဓာတ်အားများ အသီးသီးပြန်လည်ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် (၂)လနီးပါးကာလအတွင်း ပြုပြင်မှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် မြို့နယ်(၁၀)ခုလုံးတွင် လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်ဖို့ ရုန်းကန်နေရပြီး နိုင်ငံခြားရေးဝန်ကြီးများ အပြီးကြေညာချက်ထုတ်ပြန်ဖို့ နှောင့်နှေးနေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း