မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်ဖို့ ရုန်းကန်နေရပြီး နိုင်ငံခြားရေးဝန်ကြီးများ အပြီးကြေညာချက်ထုတ်ပြန်ဖို့ နှောင့်နှေးနေ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရယူနိုင်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်မှုရယူနိုင်ဖို့ ရုန်းကန်နေရပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ကြေညာချက်ကို ချက်ချင်းထုတ်ပြန်နိုင်ခြင်းမရှိဘဲ နှောင့်နှေးမှုများရှိခဲ့ကြောင်း သိရပါတယ်။
၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအဖွဲ့ဟာ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ နစကကို ဖိအားပေးဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွှတ်စွာ ရှိစေလိုကြောင်း၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကြေညာချက်ကို ဇူလိုင် ၁၃ ရက်မှာ စောစီးစွာ ထုတ်ပြန်နိုင်ဖွယ် မရှိဘဲ နှောင့်နှေးရဖွယ်ရှိနေကြောင်း၊ နှောင့်နှေးရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိသေး ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့တာဝန်ရှိသူတစ်ဦးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးကြေညာချက်ကို အပြီးသတ်လုပ်ဆောင်နေပြီး မကြာမီထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံဟာ နစကနဲ့ ပြန်လည်စေ့စပ်ဆွေးနွေးဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့လမှာ မြန်မာ အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်လာခဲ့ ကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ဟာ သဘောတူညီချက် ငါးချက် တိုးတက်မှုမရှိဘူးဆိုရင် နစကခေါင်းဆောင်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပေးဖို့ ပိတ်ပင်ထား ကြောင်း သိရပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်တက်ရောက်စေမယ့် မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ၎င်းဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတက်ရောက်ခင် ရက်ပိုင်းအလိုမှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခွင့်ရတဲ့ ပထမဆုံးသံတမန်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်သူများက အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်း နိုင်အောင် အခြားနည်းလမ်းကိုအသုံးပြုဖို့ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်သက်တမ်း ကို လက်ရှိ တစ်နှစ်သက်တမ်းထက် ကျော်လွန်ပြီး သက်တမ်းတိုးပေးသင့်တယ်ဆိုတဲ့အချက်တွေလည်း တောင်းဆို မှုတွေ ရှိနေပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးနေပေမယ့် အဖွဲ့များကြား ကွာဟချက်ကို တံတားထိုးပေးနိုင်ဖို့ ရုန်းကန်နေရတယ်လို့ အာဆီယံသံတမန်အသိုင်းအဝိုင်းက ရှုမြင်သုံးသပ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမြို့တွင် အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘူးခွံကောက်သည့် အမျိုးသမီးတစ်ဦးမိုင်းစထိမှန်သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း