ကလေးမြို့တွင် အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘူးခွံကောက်သည့် အမျိုးသမီးတစ်ဦးမိုင်းစထိမှန်သေဆုံး
NSS - ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်၌ အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အသက် (၂၂)အရွယ် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်သေဆုံးသွားခဲ့ကြောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၀ ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် ကလေးမြို့နယ်၊ ကြို့သုံးပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ကလေးမြို့နယ်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ခင်ပွန်း ဖြစ်သူ ဦးအောင်ပိုင် အပါအဝင် (၁၀)လသားအရွယ် သားဖြစ်သူ မောင်ပိုင်တံခွန်တို့နှင့်အတူ မြို့ပေါ်ရှိ အမှိုက်ပုံးများအတွင်းမှ ပလပ်စတစ်ဘူးခွံများလိုက်လံကောက်ယူစဥ် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ကြို့သုံးပင်ရပ်ကွက်ရှိ အမှိုက်ပုံးအတွင်း ပလပ်စတစ်ဘူးခွံများ သွားရောက်ကောက်ယူစဉ် လက်လုံးမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူသည် မဂျူမွန်အေး(၂၂)နှစ်ဖြစ်ပြီး ဝမ်းဗိုက်နှင့် ဆီးစပ်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ (၁)နာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း နစက အတည်ပြု
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း