ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ (၁)နာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း နစက အတည်ပြု
NSS - ဇူလိုင် ၁၃
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က (၁)နာရီခွဲနီးပါး တွေ့ဆုံမှုရှိခဲ့ကြောင်း နစကဘက်က ယနေ့ (ဇူလိုင်လ ၁၃ ရက်)တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
အဆိုပါတွေ့ဆုံမှုသည် four-eye နှစ်ဦးတည်းတွေ့ဆုံမှုဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို အသိပေးဖြေကြားထားသည်။
“ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို တနင်္ဂနွေနေ့ (ဇူလိုင်လ ၉ ရက်)မှာ ရောက်ရှိလာတာရှိပါတယ်။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။ four-eye နှစ်ယောက်ချင်းတွေ့ဆုံတာပဲ ဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက်တော့ ကြာမြင့်ပါတယ်။ နှစ်ယောက်ချင်းလွတ်လွတ်လပ် လပ်တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ် လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်”ဟု ၎င်းကဖြေကြားခဲ့သည်။
four – eye တွေ့ဆုံမှုဖြစ်သည့်အတွက် ဆွေးနွေးချက်များကို နစကအနေဖြင့် အသေးစိတ်မသိရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် ကောင်းမွန်မှုရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေ ကြားခဲ့သည်။
“နှစ်ယောက်ချင်း တွေ့ဆုံပြီး ဆွေးနွေးတာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျွန်တော်တို့ အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်းတွေ့ရှိရပါတယ်”ဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် (PDF) လက်နက်ကိုင်အဖွဲ့ကို မထောက်ခံသည့်အပြင် အနောက်အုပ်စုနိုင်ငံများ၏ အထောက်ပံ့ကိုရယူကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသည့် (NUG) အဖွဲ့ကိုလည်း မထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု panorientnews သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေကြောင်း အတည်ပြုပြောဆိုခဲ့သည်ဟု အာဆီယံ သံတမန်သတင်းအရင်းမြစ်များက ပြောကြားထားသည်။
လက်ရှိအချိန်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်မှုရယူ နိုင်ရန်လည်း ရုန်းကန်နေရပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ကြေညာချက်ကို ချက်ချင်းထုတ်ပြန်နိုင်ခြင်းမရှိဘဲ နှောင့်နှေးမှုများရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း(၁၉)မှုဖြင့် ထောင်ဒဏ် (၃၃)နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး နေပြည်တော်ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Wagner Group ကြေးစားတပ်ဖွဲ့တွေဟာ လက်နက်ကြီးထောင်ချီနဲ့အတူ လက်နက်ချအညံ့ခံခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ