Wagner Group ကြေးစားတပ်ဖွဲ့တွေဟာ လက်နက်ကြီးထောင်ချီနဲ့အတူ လက်နက်ချအညံ့ခံခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
ရုရှားအခြေစိုက် Wagner Group ဟာ လက်နက်ကြီးများနဲ့အတူ ရုရှားစစ်တပ်ထံလက်နက်အပ်နှံပြီး အညံ့ခံခဲ့ ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါကြေးစားတပ်ဖွဲ့ဝင်တွေဟာ ရုရှားစစ်တပ်က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ပစ္စည်း ၂ဝဝဝ ကျော်ကို အပ်နှံ့ပြီး လက်နက်ချခဲ့ကြောင်း အဆိုပါကြေးစားတပ်ဖွဲ့ဝင်တွေ အပ်နှံခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ၊ တိုက်လေယာဉ်ပစ်လက်နက်များ၊ အမြှောက်ကြီးများ၊ ဘက်စုံသုံးရော့ကဒ် လောင်ချာစနစ်၊ တိုက်ခိုက်ရေးသုံးတင့်ကားတွေ အပါအဝင် လက်နက်ကြီးပေါင်း ရာချီ ပါဝင်ခဲ့ကြောင်း ရုရှားစစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားကြေးစားတပ်ဖွဲ့တွေဟာ တန်ချိန် ၂၅ဝဝ ရှိ ကျည်ဆံများအပြင် လက်နက်ငယ်ပေါင်း ၂ဝဝဝဝ ကျော် ကို အပ်နှံခဲ့ကြောင်း ရုရှားစစ်ဘက်က ပြောပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ဟာ ရုရှားစစ်ဘက် ထိပ်တန်းဗိုလ်ချုပ်တွေနဲ့အငြင်းပွားမှုတွေရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့လက လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပွားခဲ့ပြီးနောက် ဘီလာရုစ့်သမ္မတရဲ့ကြားဝင်စေ့စပ်မှုကြောင့် လက်နက်ကိုင် ပုန်ကန်မှု အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပုန်ကန်မှုနဲ့ဆက်နွယ်ပြီး ရုရှားအစိုးရဟာ ကြေးစားအဖွဲ့ ခေါင်းဆောင်ပရီဂိုဇင် အပေါ် ရာဇဝတ်မှုနဲ့စွဲချက်တင်ထားခြင်းကို ပယ်ချပေးခဲ့ပြီး ဘီလာရုစ့်နိုင်ငံထံ သွားရောက် နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
ရုရှားစစ်ဘက်ဟာ ကြေးစားတပ်ဖွဲ့မှာ တာဝန်ယူခဲ့ဖူးတဲ့တပ်ဖွဲ့တွေကို ရုရှားစစ်တပ်အတွက် စစ်မှုထမ်းခွင့်ပေးသွား မှာဖြစ်သလို ပုန်ကန်မှုနဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။
အဆိုပါကြေးစားတပ်ဖွဲ့ဟာ ယူကရိန်းစစ်ပွဲအပြင် ဆီးရီးယား၊ အီရတ်စစ်ပွဲတွေမှာ နာမည်ကျော်ခဲ့ကြောင်း သိရပါတယ်။ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင်ဟာ ရုရှားသမ္မတပူတင်နဲ့ နီးစပ်မှုရှိပေမယ့် ရုရှားဗိုလ်ချုပ်ကြီး တွေနဲ့ ပရီဂိုဇင်ကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ရာကနေ လက်နက်ကိုင်ပုန်ကန်မှု စတင်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးပျက်မှု၊ ကုန်ကြမ်းဈေးမြင့်တက်မှုအပါအဝင် တရားမဝင် ရေသန့်များကြောင့် တရားဝင်ရေသန့်စက်ရုံများ အခက်အခဲဖြစ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ