မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေ
NSS - ဇူလိုင် ၁၂
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ဆေးဝါးများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ ၁၁ ရက်တွင် ဘဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ကျင်းပသည့် ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ ဝန်ကြီးများတွေ့ဆုံခဲ့ရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်နိုင်မည့် ကိစ္စရပ်များအပါအဝင် ကူးစက်မြန်ရောဂါများ ကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။
အလားတူ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ်နေရေးဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားရေကြောင်းအာဏာပိုင်များ ပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ