(၈)နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ (၄)သန်းနီးပါး တိုးတက်လာမည်
ရဲပြည့် (NSS) - ဇူလိုင် ၁၂
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ ဒသမ ၇ သန်း ကျော်ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ကာလသည် လူဦးရေ ဆုလာဘ်ကို ရရှိခံစားနေချိန်ဖြစ်သည့်အတွက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်လူရွယ်များ၏ စွမ်းအားဖြင့် အမျိုးသမီးများ၏အင်အားကို ထိရောက်စွာထည့်သွင်းအသုံးချရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ထို့ပြင် အနာဂတ်တွင် သက်ကြီးရွယ်အိုလူဦးရေများပြားလာမည်ဖြစ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများနှင့် သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ကျား- မ တန်းတူ ညီမျှမှုရှိစေရေးအတွက် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအား ဖော်ဆောင်ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၏ ပန်းတိုင် ၅ ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၈ နှစ်အတွင်း ၃ ဒသမ ၆ သန်းကျော် တိုးတက်လာမည့်အခြေအနေမျိုးလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လျက်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း