ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လျက်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေတယ်လို့ အတည်ပြုပြောဆိုခဲ့ကြောင်း အာဆီယံသံတမန်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်နေတဲ့ အခြေအနေတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝန်ကြီးဒွန်ပရာဝီနိုင်း က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်ရောက်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တွေ့ဆုံခွင့်ရတဲ့ ပြည်ပနိုင်ငံတွေရဲ့သံတမန်တွေထဲမှာ ဒွန်ပရာဝီနိုင်းက ပထမဆုံးဖြစ်ဖွယ်ရှိနေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အချုပ်ထောင်ထဲမှာ သွားရောက်တွေ့ဆုံခဲ့ဖွယ် ရှိနေတယ်လို့ အာဆီယံသံတမန် သတင်းအရင်း အမြစ်တွေရဲ့ပြောဆိုချက်ကို ကိုကားပြီးဂျပန်အခြေစိုက် ကျိုတိုသတင်းဌာန က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ နစကနဲ့ နီးစပ်မှုရှိပြီး မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနိးရှားနိုင်ငံတို့ တက်ရောက်ခဲ့ခြင်းမရှိသလို ထိုင်းအစိုးရဲ့လုပ်ဆောင်ချက်များကို ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် မော်တော်ယာဉ်များ CNG ဆိုင်တွင် (၂၄)နာရီကျော် ဂတ်စ်တန်းစီနေရပြီး ခရီးသည်များအခက်ကြုံနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ