လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် မော်တော်ယာဉ်များ CNG ဆိုင်တွင် (၂၄)နာရီကျော် ဂတ်စ်တန်းစီနေရပြီး ခရီးသည်များအခက်ကြုံနေ
NSS - ဇူလိုင် ၁၂
လက်ရှိ ရက်ပိုင်းအတွင်းဆိုးရွားသည့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ရရှိရန် YBS ကားများသည် တစ်ရက်ကျော်ကြာ တန်းစီနေရကြောင်း YBS 23 ယာဉ်မောင်းများက ပြောသည်။
လက်တလောတွင် မီးပြတ်ခြင်းကြောင့် YBS ယာဉ်များ၊ တက္ကစီများသည် CNG ဆိုင်ရှေ့၌ ညလုံးပေါက် တန်းစီနေရကြောင်း သိရသည်။
YBS ယာဉ်များ CNG မရရှိသည့်အတွက် အလှည့်ကျထွက်နေရပြီး ဂိတ်ရှိဘတ်စ်ကား အားလုံးမထွက်နိုင်ကြောင်း ယာဉ်မောင်များထံမှ သိရသည်။
"ဒီလိုနေ့မနက်ပိုင်းတန်းစီ၊ နေ့လယ်ကျရင် စာရင်းကောက်သွားပြီး CNG ရတာက မနက်ဖြန်မှရတယ်။ ဒါကြောင့် ဂိတ်မှာလည်း ကားမရှိဘဲ ဓာတ်ငွေ့ရတဲ့ကားတွေပဲ ထွက်နိုင်တယ်"ဟု YBS ယာဉ်မောင်းတစ်ဦးကပြောသည်။
အခုရက်ပိုင်းအတွင်း YBS ယာဉ်များအထွက်နည်းခြင်းကြောင့် ခရီးသည်ဦးရေ နှင့် ကားအစီးရေမမျှတဘဲ ကားကြပ်မှုများဖြစ်လာကြောင်း ခရီးသည်များကလည်း ပြောသည်။
ရန်ကုန်တိုင်းသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က နေ့စဉ် ဘတ်စ်ကား အစီးရေသုံးထောင်ကျော် နှင့် ခရီးသည် တစ်သန်းခွဲနီးပါးကို ဝန်ဆောင်မှုပေးနေကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချမ်းအေးသာစံမြို့နယ်ရှိ မုန့်တီရောင်းသည့်အိမ်၌ မီးလောင်မှုဖြစ်ပွားရာ အိမ်တွင်းပစ္စည်းများ မီးလောင်ပျက်စီး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း