ချမ်းအေးသာစံမြို့နယ်ရှိ မုန့်တီရောင်းသည့်အိမ်၌ မီးလောင်မှုဖြစ်ပွားရာ အိမ်တွင်းပစ္စည်းများ မီးလောင်ပျက်စီး
သန့်ဇင် (NSS) - ဇူလိုင် ၁၂
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မုန့်တီရောင်းသည့်အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်အတွင်းရှိ ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၂ ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပက်ကုန်းဝန်း ကျင်အကွက်(၇၃၄)၊ ၇၁ x ၇၂လမ်း၊ ၂၉လမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သေချာအတိကျတော့မသိဘူး။ လောင်တာကတော့မုန့်တီရောင်းတဲ့အိမ်ကလောင်တာပေါ့နော်။ Level 1နဲ့တင်မီးငြိမ်းပါတယ်”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ်အား မီးသတ်တပ်ဖွဲ့မှ မိနစ်(၂၀)ခန့်မီးငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၅၀မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ပျက်စီးဆုံးရှုံးတာကတော့ နေအိမ်လောင်တာရယ်။ ပြီးတော့အခြား အိမ်တွင်းပစ္စည်းတွေကတော့ ပါသွားတာပေါ့။ ဆုံးရှုံးမှုတန်ကြေးကတော့ သေချာမသိရပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
မီးလောင်မှုဖြစ်စဉ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအသင်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အထက်ပါအသင်းထံမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း