မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်
ရဲပြည့် (NSS) - ဇူလိုင် ၁၂
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲကို အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ (MFF) မှ ထုတ်ပြန်ထား သည်။
၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင်လ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲထားပြီး အုပ်စုသုံးခုမှ အုပ်စုပထမ သုံးသင်း၊ အကောင်းဆုံး အုပ်စုဒုတိယတစ်သင်း၊ စုစုပေါင်း လေးသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု(ဂ)တွင် ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းကိုရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်းအသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတွက်ကြောင့် ၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့်အင်ဒိုအသင်း ၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့်တွေ့ဆုံတိုင်း ရလဒ်မကောင်တတ်သည့် အနေအထားမျိုးဖြစ်သည့်အတွက် ယခုတွေ့ဆုံချိန်တွင် အနိုင်ယူနိုင်ရန်လိုအပ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်လျှင် ငွေကျပ်သိန်း(၁၀၀)ခန့်ရရှိမည်ဟုဆိုကာ ရောင်းစားခဲ့သူနှစ်ဦးကို အလုပ်နှင့်ထောင်နှစ်(၂၀)ချမှတ်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း