တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်လျှင် ငွေကျပ်သိန်း(၁၀၀)ခန့်ရရှိမည်ဟုဆိုကာ ရောင်းစားခဲ့သူနှစ်ဦးကို အလုပ်နှင့်ထောင်နှစ်(၂၀)ချမှတ်
သန့်ဇင် (NSS) - ဇူလိုင် ၁၂
တရုတ်အမျိုးသားနှင့်ပေါင်းသင်းနေထိုင်လျှင် ငွေကျပ်သိန်း(၁၀၀)ခန့်ရရှိမည်ဟုဆိုကာ အမျိုးသမီး(၅)ဦးကို လိမ်လည်ရောင်းစားခဲ့သူ (၂)ဦးကို အလုပ်နှင့်ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါတရားခံ(၂)ဦးကို မူဆယ်ခရိုင်တရားရုံးက (ဇူလိုင်လ ၁၀ ရက်)တွင် အထက်ပါကဲ့သို့ ချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်နေ ကိုခင်ဇော် နှင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ မလှိုင်းဗိုလ်ဗိုလ်တို့သည် ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေထိုင်သော အသက်(၂၀)နှစ်နှင့် (၃၃)ကြားရှိ အမျိုးသမီး (၅)ဦးအား တရုတ်အမျိုးသားကိုယူလျှင် ငွေကျပ်သိန်း(၁၀၀)ခန့်ရရှိပြီး တစ်နှစ်ပြည့်လျှင်ပြန်လည်ခေါ်ဆောင်ပေးမည်ဟု လိမ်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအမျိုးသမီး(၅)ဦးကို တရုတ်အမျိုးသားများထံသို့ ရောင်းစား၍ ငွေကြေးအကျိုးမြတ်များ ရယူခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါတရားခံ(၂)ဦးအား မူဆယ်မြို့နယ်ရဲစခန်းမှ (ပ)/၈၇/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင်လ ၁၀ ရက်တွင် တရားခံ ခင်ဇော်နှင့် တရားခံမလှိုင်းဗိုလ်ဗိုလ်တို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးပုဒ်မ ၃၈(က)ဖြင့် မူဆယ်ခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း