TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်(၁) ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)များဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၇ ရက်)၊ ည ၁၁နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဝမ်ဆောက်ခုံကျေးရွာ၊ တာချီလိတ်မြို့ဘက်သွား ကျေးရွာချင်းဆက်လမ်းအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းတွင် တရားခံ စတေဖာကို TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ်တန်ဖိုး(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း) ၁၂၇ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)များကို ပန်ဆန်းမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအားဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG၊ PDF တို့သည် ပါတီနှင့်မသက်ဆိုင်ကြောင်း တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့ဟု ဒေါ်စန္ဒာမင်းဆို၊ သံတမန်များနှင့် ဆက်တိုက်တွေ့ခွင့်ပေးမည်ဟု မျှော်လင့်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း